( Zawgyi )
" ရိပေါ်.. စိတ်ငြိမ်ငြိမ်ထားစမ်းပါ "
ညက နက်သထက်နက်လာတယ်..
ရိပေါ်က အခုဟိုတယ်ခန်းတွေအလယ်က လျှောက်လမ်းမှာ ဟိုဘက်ဒီဘက် လျှောက်နေခဲ့တာဖြစ်တယ်..ဟောက်ရွှမ်းရဲ့စကားကို သူ ပြန်မတုံ့ပြန်ဖြစ်...
ရင်ထဲမှာ ဆိုးဆိုးရွားရွားလောင်မြိုက်နေတဲ့ ခံစားချက်က သူ့ကို နေလို့ထိုင်လို့မရအောင် လုပ်နေတယ်..မှားတယ်..
သူ အကြီးကြီးမှားတယ်..
ရှောင်ကျန့်ရဲ့ အကြောင်းကိုသိသိရဲ့နဲ့ ဘာမဟုတ်တဲ့ သဝန်တိုစိတ်ကို စောက်ရူးတယောက်လိုခံစားပြီး ဂြိုလ်မွှေခဲ့မိတာ..မျက်စိမှိတ်လိုက်တိုင်း ရှောင်ကျန့်ရဲ့ မျက်ရည်စတွေနဲ့ ပုံရိပ်ကဝင်ဝင် နှိပ်စက်တယ်..
ငါ့ကို မထိနဲ့ ဆိုတဲ့စကား ပြန်ကြားယောင်မိတိုင်း သူ့စိတ်သူ့အာရုံတွေအကုန်လုံး အပြိုပြိုအလဲလဲ...
လှည့်ထွက်သွားတဲ့ ရှောင်ကျန့်ကိုတောင် မဟန့်တားနိုင်တော့တဲ့အထိ သူတုန်လှုပ်သွားခဲ့တာ သူအသိဆုံး...သူ ကြောက်တယ်...
အဲဒီလူရဲ့ လက်ဖျားအေးစက်စက်တွေကို နွေးထွေးပေးခွင့် ထပ်မရတော့ရင်များ...သူ ဘယ်လိုလုပ်ရမလဲ..
ဝမ်ရိပေါ်က ရှောင်ကျန့်အတွက် စိတ်ဒဏ်ရာတစ်ခု မဖြစ်ချင်ဘူး..ဒါပေမယ့် ခုနထဲက ခဏခဏ ခေါ်နေခဲ့တဲ့ phone call တွေကဖြေသူမဲ့နေတုန်း..
ပို့ထားမိတဲ့ စာတွေကလဲ ဖတ်သူပျောက်နေတုန်း..အခန်းတံခါးကို နောက်တခေါက် ခပ်ဖွဖွခေါက်မိပြန်တယ်..
နောက်တခေါက် အသံတိတ်စွာ တုန့်ပြန်နေတုန်းပဲ.." ရိပေါ်..ကောတို့လာပြီ "
လှည့်ကြည့်လိုက်တော့ ကျန်းလီကျဲနဲ့ ကျဲကိုသွားခေါ်လာတဲ့ ကျိရန်ကော..
" ကျဲ..လုပ်ပါဦး "
ပထမဆုံးအနေနဲ့ ထွက်သွားတဲ့စကားသံကလဲ တည်ငြိမ်ခြင်းတွေ ပျောက်ဆုံးလို့..
" ကျွန်တော် မေ့သွားတာ.. ကျွန်တော် တကယ်မေ့သွားတာပါ ကျဲရယ် "
" အင်း..ကျဲသိတယ်.. ရိပေါ်စိတ်လျော့ဦးနော် "
လက်နစ်ဖက်က အင်္ကျီဘေးအစတွေကို တင်းတင်းဆုပ်ကိုင်လို့...
ရေတောင် မခြောက်သေးတဲ့ ဆံပင်တွေနဲ့ ရိပေါ်ပုံစံက တကယ်မဟန်မှန်း သိသာလွန်းနေတာမို့ ကျန်းလီ သက်ပြင်းသာချမိတော့တယ်...
YOU ARE READING
Before I Let You Go
General Fictionခင္ဗ်ားကိုခ်စ္ရတာလဲ အျပစ္တစ္ခုလိုပဲ.. ခင်ဗျားကိုချစ်ရတာလဲ အပြစ်တစ်ခုလိုပဲ.. Warning > This fic is not about happy ending so read at your own risk.