[ Zawgyi ]
အချိန်ကြာလာတာနဲ့ အမျှ တစစီဖြစ်လာတဲ့ ပတ်သတ်မှုတစ်ခုက ကျန့်ကောကို သူ ချစ်တယ် လို့ပြောမိခဲ့တဲ့အချိန်ကနေ စတင်တယ်..
ဒီတခါ ကွဲကြေမှုမှာ စိတ်ဖြေစရာတွေ မရှိတော့ဘူး..
အရက်တွေ ဘီယာတွေ မတိုးနိုင်တော့တဲ့ ဒဏ်ရာကို ဝမ်ရိပေါ်က ငြိမ်ငြိမ်သက်သက်လေး မွေးမြူထားလိုက်တော့တာပဲ..
သူ့ကိုယ်သူ အချိန်ပေးတယ်...
အဲဒီလူမရှိရင် သူနေနိုင်မလားဆိုပြီး တွေးတယ်..တယောက်ထဲပဲနေတတ်တယ်ဆိုတဲ့ ရှောင်ကျန့် က သူ့ကိုတော့ လိုလိုချင်ချင်ပဲ နီးကပ်ခွင့်တွေပေးခဲ့ဖူးတယ်..
သူစိတ်ကောက်မိတိုင်း လက်လေးတဖက်ကို ဝမ်ရိပေါ်စိတ်တိုင်းကျဆိုပြီး မသိမသာပေးကိုင်ခဲ့ဖူးတယ်..
နောက်ပြီး..နှင်းတွေနဲ့ အေးခဲနေတဲ့ညလေးမှာ သူ့ကိုမငြီးမငြူ ပွေ့ဖက်ထားပေးခဲ့ဖူးတယ်..သိပ်ယုံချင်စရာမရှိပေမယ့် အခု အဲဒီလူက သူကို မချစ်ဘူးတဲ့..၊
အမှတ်တရတွေကို ထမ်ပိုးထားရတော့ လှုပ်ရှားဖို့ကြိုးစားမိတိုင်း ဒဏ်ရာတွေက ပိုပိုနက်လာတယ်..
သူ့ချစ်ခြင်းတွေက ရှောင်ကျန့်ဆီမှာပဲ ခြေချုပ်မိနေပြီ ဖြစ်ကြောင်း ကောင်းကောင်းနားလည်လိုက်ရတာပါပဲ..။
ဟောက်ရွှမ်းကတော့ နောက်သလိုလိုနဲ့ ပြောရှာတယ်..
ငါ အဖော်ရပြီပေါ့ တဲ့..၊
ကျိရန်ကောဆီက မချစ်ဘူးဆိုပီး ဆယ်ခါမက အငြင်းခံထားရတဲ့ အဲဒီကောင်ကို သူ ပထမဆုံးအကြိမ် ကိုယ်ချင်းစာမိတယ်..ကျိရန်ကော ကတော့ ဇာတ်ညွှန်းစာရွက်တွေကြား ခေါင်းနှစ်ဖို့ ကြိုးစားနေတဲ့ သူ့ကိုကြည့်ပြီးပြောရှာတယ်
ဝမ်ရိပေါ်တောင် ရင့်ကျက်နေပြီပဲ တဲ့..တကယ်လဲ သူကြိုးစားနေခဲ့တာ..
ရှိခဲ့ဖူးတဲ့ အမှတ်တရတွေ အားကိုးနဲ့ အဲဒီလူကိုမေ့ပစ်ဖို့ သူ့ကိုယ်သူ တွန်းအားမပေးတော့ဘူး...အရင်လို အနီးကပ်မရှိနိုင်တော့ပေမယ့် ရှောင်ကျန့် ပတ်ဝန်းကျင်မှာ သူအမြဲရှိနေတတ်တယ်...
ရုံးလာတဲ့နေ့တွေဆို ကျန်းချန်နဲ့တူတူ ထွက်လာတတ်တဲ့ ရှောင်ကျန့်ကိုမြင်ပြီးမှ သူအိမ်ပြန်တယ်..
မနေနိုင်အောင် လွမ်းလာတဲ့နေ့တွေဆို ရှောင်ကျန့်အိမ်ရှေ့မှာ ကားထိုးရပ်ပြီး အိမ်ထဲကမီးတွေ မှောင်သွားတဲ့ထိနေတယ်..
YOU ARE READING
Before I Let You Go
General Fictionခင္ဗ်ားကိုခ်စ္ရတာလဲ အျပစ္တစ္ခုလိုပဲ.. ခင်ဗျားကိုချစ်ရတာလဲ အပြစ်တစ်ခုလိုပဲ.. Warning > This fic is not about happy ending so read at your own risk.