. 19 .

19.6K 2.2K 231
                                    

[ Zawgyi ]

" ကောရေ .. အညို အညို "

ဒီရက်ပိုင်းမှာ ရိပေါ်က  အလုပ်တွေလျော့ထားတယ်..
အားတဲ့အချိန်တိုင်း ရှောင်ကျန့်ရှိရာ ရုံးဆီသွားတတ်သလို ရုံးပိတ်ရက်တိုင်းကိုလဲ ရှောင်ကျန့်အိမ်မှာ အတူတူ အချိန်လာဖြုန်းတတ်တယ်..

အခုလဲ ပန်းချီဆရာက ဘယ်သူမှန်း မသိအောင်ကို တက်ကြွပြနေတဲ့ ကောင်လေးက လက်တဖက်မှာ သူပေးထားတဲ့ ပုံဆွဲစာအုပ်ကိုင်ရင်း ရောင်စုံဆေးခွက် အသေးလေးတွေကြား ရောက်နေပြန်တယ်..

သိပ်အခွင့်အရေးယူချင်တဲ့ ပန်းချီဆရာပေါက်စလေးက ပန်းချီဆွဲတိုင်း ရှောင်ကျန့်ဝတ်နေကျ ရှပ်အဖြူကိုလဲ ယူဝတ်ထားလေရဲ့..

" ကော.. အညိုရောင်က ဘယ်လိုစပ်လဲဆို "

" ဒီကို ယူလာခဲ့ "

သုတ်ခနဲထပြေးလာတဲ့ကောင်လေးက ချက်ချင်းပဲ ရှောင်ကျန့်ထိုင်နေတဲ့ ဆိုဖာနားရောက်လာပြီး  ကြမ်းပြင်ပေါ်ထိုင်ချပစ်တယ်..

" အညိုက အမျိုးမျိုးစပ်လို့ရတယ်.. "

" အင်း "

" ဘယ်လိုအညိုလိုချင်တာလဲ.. နီညို လိမ္မော်ညို စိမ်းညို ဝါညို  "

" ကောကြိုက်တဲ့အညို "

" အင်း... "

ဖတ်လက်စစာအုပ်ကိုချပြီး ရှောင်ကျန့် ကြမ်းပေါ်ဆင်းထိုင်လာတော့ ရိပေါ်က ရှောင်ကျန့် လက်မောင်းကို ခေါင်းလေးနဲ့ ဝှေ့ပြီး မှီလာတယ်..
သူ့ကို ရိပေါ် ပြောနေကျ တီတီတာတာတွေ ချစ်တာကြိုက်တာတွေကို ရှောင်ကျန့်က မပြောတတ်သလို ပြောလို့လဲမထွက်ဘူး..
ဒါကြောင့် အပြုအမူတွေနဲ့ပဲဖြစ်ဖြစ် ပြပေးချင်လို့ ရိပေါ်ချွဲတတ်တာလေးတွေကို ဘာမှမပြောတော့ဘဲ လွှတ်ပေးထားတတ်လာတယ်..

" ဒါဆို အစိမ်းနဲ့ အနီကိုရော "

" ကော လုပ်ပြ "

" မင်း လုပ်မှ မင်းတတ်မှာလေ "

" အစက လုပ်ချင်တယ်.. အခုမလုပ်ချင်တော့ဘူး "

" ခေါင်းကြီးဖယ်စမ်း "

ပုခုံးပေါ်ကနေ ရင်ဘတ်ထဲထိ တိုးဝှေ့နေတဲ့ ခေါင်းလုံးလုံးလေးကို တွန်းလိုက်တော့ ရိပေါ်က နှုတ်ခမ်းတွေထော်လာရဲ့...
ဆိုဖာပေါ်ပြန်တက်ထိုင်တော့လဲ သူ့ ခြေထောက်နှစ်ချောင်းကြားထဲ အတင်းဝင်တိုးထိုင်လာပြန်ရော..

Before I Let You GoWhere stories live. Discover now