[ Zawgyi ]
မြို့ငယ်လေးရဲ့ မနက်ခင်းက ထုံးစံအတိုင်း နွေးထွေးနေတုန်းပဲ..
ဘေးနှစ်ဖက်မှာ သစ်ပင်အုပ်ဆိုင်းဆိုင်းနဲ့ လမ်းလေးရှိတယ်
အဲဒီလမ်းလေးထက်မှာတော့ စက်ဘီးအဝါလေး နှစ်စီးက တူညီတဲ့ အရှိန်နဲ့ တလိမ့်လိမ့်..ကျောင်းကိုရှောင်နေတဲ့ ရှောင်ကျန့်က ဒီနေ့ကျောင်းပြန်စတက်ဖို့ပြောတော့ ငိုင်တိုင်တိုင်...
ကျဲကျဲလိုက်ပို့မယ်ဆိုမှ ထလာတဲ့ကောင်လေးက မျက်သားလေးတွေရဲနေတာကို သူမ ဥပေက္ခာပြုထားရသေး..လိုက်ပို့မယ်ဆိုတဲ့ကျန်းလီ လက်တွေက စက်ဘီးနင်းနေတဲ့ အားကျန့်ခါးမှာဖက်လို့...
တယောက်ထဲ တစီးဆိုပြီး ခဏခဏလက်လွှတ်ပြီး စီးတဲ့ အားချန်ကိုလဲ သူမ တချက်တချက်လှမ်းဟန့်ရသေး..အရင်က သုံးယောက်တူတူကျောင်းတက်ကြတုန်းက ဒီကလေးနှစ်ယောက်က ပေါက်စနအရွယ်လေးတွေနဲ့ ကျဲကျဲကိုကာကွယ်ကြမယ် အော်ရင်း တလမ်းလုံးဆော့ပြီး သောင်းကျန်းခဲ့ကြတာတွေ သတိရမိတော့ ဒီလမ်းလေးကပိုလှလာသလိုပဲ..
ကျောင်းပေါက်ဝရောက်တော့ ကျန်းချန်က နှုတ်ဆက်ပြီးဝင်သွားပေမယ့် ကျောင်းမတက်ချင်တဲ့ ရှောင်ကျန့်က အင်တင်တင်နဲ့ ကျန်ခဲ့ပြန်သည်..
" ကျဲ... ကျွန်တော့်စက်ဘီးယူသွား "
" မယူတော့ဘူး..ကျဲ လမ်းလျှောက်ပြန်လိုက်မယ်.. သူငယ်ချင်းတယောက်အိမ်ဝင်ဦးမလို့.. "
" ပြီးရော.. "
" ဝင်တော့လေ "
" ကျဲ.. ဟိုလေ ..ကျန်းချန်..သူ.. "
ခေါင်းလေးငုံ့ပြီး အကြောင်းမရှိဘဲ မြေကြီးကိုဖိနပ်ထိပ်နဲ့ကန်နေတဲ့ ကောင်လေးရဲ့ ဆံပင်တွေကို ကျန်းလီ ညင်ညင်သာသာလေးဖွပေးရင်း
" အင်း..သူသိတယ် "
မော့လာတဲ့ မျက်ဝန်းလေးတွေကအထိတ်တလန့်..
သူမ အားကျန့်ကိုနားလည်နိုင်သည်..
သူ့ဖြစ်တည်မှုကိုနားလည်ပြီးတဲ့နောက် ညီအကိုလိုပေါင်းလာတဲ့ ကျန်းချန်ကို မျက်နှာချင်းဆိုင်ရမှာ ရှက်နေလို့ဆိုတာ..." အားကျန့်ကို လိုက်နေတဲ့ကောင်လေးအကြောင်းတောင် သူသိတယ် "
YOU ARE READING
Before I Let You Go
General Fictionခင္ဗ်ားကိုခ်စ္ရတာလဲ အျပစ္တစ္ခုလိုပဲ.. ခင်ဗျားကိုချစ်ရတာလဲ အပြစ်တစ်ခုလိုပဲ.. Warning > This fic is not about happy ending so read at your own risk.