[ Zawgyi ]
ကျန့်ကောတို့ မြို့လေးက ရိပေါ်ထင်ထားတာထက် ပိုဝေးတယ်..
တော်ရုံတန်ရုံ လေယာဉ်စီးလေ့မရှိဘူးဆိုတဲ့ ကျန့်ကောကြောင့် ကျန်းချန်ကားနဲ့ ၈ နာရီ နီးပါးမောင်းပြီး ရောက်တဲ့မြို့လေးကနေ သူတို့ ရထားတဆင့်ထပ်စီးရပြန်တယ်..
မြို့ခံတွေကလွဲပြီး စီးမယ့်သူသိပ်မရှိတဲ့ ရထားဘူတာလေးရဲ့ အငွေ့အသက်လေးကအစ သူတို့မြို့ကြီးပြကြီးတွေလိုမဟုတ်ဘဲ ချမ်းစီးစီးလေးနဲ့ နွေးထွေးလတ်ဆတ်နေရဲ့ ..။ခရီးတွေဆက်ပြီး ရိပေါ်တယောက်ပင်ပန်းနေပေမယ့် သူ ပျော်တယ်..
သတိရလို့ လှည့်ကြည့်လိုက်တိုင်း သူ့ကျန့်ကောက သူ့ဘေးမှာရှိနေခဲ့တယ်ဆိုတဲ့ အသိက သူ့ကို နွေးထွေးစေတယ်..ကားမောင်းနေတဲ့ ကျန်းချန် အိပ်ငိုက်မှာစိုးလို့ မုန့်စားလိုက် စကားပြောလိုက်နဲ့ လမ်းတလျှောက်လုံး သူတို့ အချိန်တွေဖြုန်းခဲ့ကြတယ်..
လေးယောက်သား စကားဝိုင်းဆိုပေမယ့် တချို့မေးခွန်းတွေကိုပြန်ဖြေတာကလွဲလို့ သူက နားထောင်သူ သက်သက်ပဲလုပ်ဖြစ်တယ်..တကယ်တော့ ရိပေါ်က စကားမပြောချင်ဘူး..
ရှောင်ကျန့်ကိုပဲကြည့်နေချင်တာ..
ဒီနေ့ အရင်ကထက်ပိုပြီး ရှောင်ကျန့်က အရယ်အပြုံးတွေ ရက်ရက်ရောရောပေးတယ်..
စကားတွေပြောနေရင်းကနေ ထရယ်တတ်တဲ့အခါ ပေါ်ပေါ်လာတဲ့ သွားဖြူဖြူလေးတွေက ရင်ခုန်ဖို့ကောင်းလွန်းတယ်..ကျန့်ကောက ပျော်နေပုံပါပဲ..
စကားစတွေပြတ်သွားတဲ့အခါ ကင်မရာလေးထုတ်ပြီး ရှုခင်းတွေကို တဖျတ်ဖျတ်ရိုက်တယ်..
ပျင်းလာရင်တော့ မျက်လုံးတွေ မှိတ်ပြီး ငြိမ်ငြိမ်လေး မှေးနေတတ်တယ်..ရထားပေါ်ရောက်တော့ ကျန်းလီကျဲနဲ့သွားထိုင်ဖို့ပြင်တဲ့ ရှောင်ကျန့်ကို ရိပေါ်က လှမ်းဆွဲတယ်..
ရှောင်ကျန့်ကို ခုံထောင့်ဘက်ထည့်ပြီး ရိပေါ်ကချက်ချင်း ဘေးမှာကပ်ထိုင်တော့ ရှောင်ကျန့် ကိုယ်လေးကျုံ့သွားတယ်.." မထိပါဘူး ကောရဲ့ "
" အဲလိုမဟုတ်ပါဘူး...ဒီတိုင်း ရုတ်တရတ်မို့ "
အားနာသွားပုံနဲ့ ပြောလာတဲ့ရှောင်ကျန့်ကိုကြည့်ပြီး ရိပေါ်က Mask အောက်ကနေ ကြိတ်ပြုံးတယ်..
တလမ်းလုံးမြိုသိပ်ခဲ့ရတဲ့ ရှောင်ကျန့်လက်တွေကို လှမ်းဆွဲကိုင်တော့ အဲဒီလူက အတင်းရုန်းပြန်တယ်..
လွှတ်မပေးဘဲ ပိုဖိညှစ်လိုက်တော့ ရှောင်ကျန့်က အံကြိတ်ရင်းခပ်တိုးတိုးပြောလာရဲ့..
YOU ARE READING
Before I Let You Go
General Fictionခင္ဗ်ားကိုခ်စ္ရတာလဲ အျပစ္တစ္ခုလိုပဲ.. ခင်ဗျားကိုချစ်ရတာလဲ အပြစ်တစ်ခုလိုပဲ.. Warning > This fic is not about happy ending so read at your own risk.