( Zawgyi )
" မိသားစုဆီကဖြစ်ဖြစ် ပတ်ဝန်းကျင်ကဖြစ်ဖြစ် လူတယောက်က သူ့ကို အသုံးမကျတဲ့ကောင်လို့ ခဏခဏ အပြောခံရလာတဲ့အခါ ဘယ်လိုတုန့်ပြန်မယ်လို့ ညီကျန့် ထင်လဲ "
ညီကျန့်ဆိုတဲ့ အသုံးအနှုန်းကြောင့် ရှောင်ကျန့်က အရင်လူတွေထက် သူရှေ့ကလူကို ရင်းနှီးမြန်စေခဲ့တယ်ထင်တယ်..
ဟန် တဲ့..
ကျန်းလီကျဲ မသွားခင် ချိတ်ဆက်ပေးခဲ့တဲ့ psychiatrist ဖြစ်သလို ကျဲရဲ့သူငယ်ချင်းတွေထဲက တယောက်လဲဖြစ်နေပြန်သေးတယ် .." ကော အတွေ့အကြုံအရ ဆိုရင်ပေါ့.. အဲဒီလူက ပထမတော့ စိတ်တိုမယ်.. ကြာလာရင်တော့ ဥပေက္ခာပြုကြည့်မယ်.. ခေါင်းထဲမထည့်ချင်ယောင် သူဆောင်ကောင်း ဆောင်လိမ့်မယ်.. ဒါပေမယ့် တချိန်ချိန်မှာ အဲဒီလူက ခြေချော်လက်ချော်ဖြစ်သွားတယ်ပဲ ဆိုပါစို့... သူ မှန်နေရဲ့နဲ့တောင် ရှေ့ဆက်လျှောက်ချင်စိတ်တွေ ပျောက်နေမယ်.. အရှုံးပေးချင်စိတ်တွေ ဖြစ်လာခဲ့မယ် .. လိုတာထက်ပိုတဲ့ တုန့်ပြန်မှုတွေ ပေးလာခဲ့မယ် ဆိုရင်ရော .."
" ..... "
" ဒါဆို အဲဒီလူကိုယ်တိုင်က သူ့ကို လူတွေပြောနေကျလိုမျိုး ငါ တကယ်အသုံးမကျတာပါလား ဆိုတဲ့ အတွေးကို သူ ကိုယ်တိုင် လက်ခံလိုက်လို့ပဲ ဖြစ်လိမ့်မယ်တဲ့.. "
" ....... "
" ရှောင်ကျန့်.. ညီရော ဘယ်လိုမြင်လဲ.. "
" ... "
" ညီကျန့်.. "
" အင်း...ကျွန်တော်လဲ ဖြစ်ခဲ့ဖူးလို့ထင်တယ်... အပြင်လူအနေနဲ့တွေးကြည့်ပေးဖို့က ခက်လိုက်တာ "
" ဘယ်လိုမျိုးလဲ.. ကောကို ပြောပြချင်လား "
ရယ်စရာမပါဘဲ ရယ်နေမိတဲ့ ရှောင်ကျန့်မျက်ဝန်းတွေက တကယ်တမ်းကျ ဆွေးမြေ့နေခဲ့တယ်..
အိမ်ရှေ့က ဖြတ်သွားနေကျ အဒေါ်ကြီးတွေ...
အတန်းထဲက သူငယ်ချင်းတွေ..
ရှေ့မှာဆို ပါးပါးတို့ဆီက လက်ဆောင်ပဏ္ဏာတွေယူပြီး နောက်ကွယ်မှာစောင်းမြောင်းတတ်တဲ့ ဆရာမတွေ..
ပြီးတော့ ပါးမို့ထက်က အမာရွတ်တစ်ခုရဲ့ ပိုင်ရှင်.." အင်း.. ကျွန်တော်က ရွံဖို့ကောင်းတယ် တဲ့ "
" ...... "
YOU ARE READING
Before I Let You Go
General Fictionခင္ဗ်ားကိုခ်စ္ရတာလဲ အျပစ္တစ္ခုလိုပဲ.. ခင်ဗျားကိုချစ်ရတာလဲ အပြစ်တစ်ခုလိုပဲ.. Warning > This fic is not about happy ending so read at your own risk.