အိပ်နေရာကနေ အသိဝင်လို့ နိုးလာတာနဲ့ ရိပေါ်ရဲ့ပထမဆုံး ခံစားချက်က ခေါင်းတစ်ခုလုံး ထိုးကိုက်နေခြင်းပဲ ဖြစ်တယ်..
ပုံမှန်နဲ့ မတူတဲ့ အထိအတွေ့ကြောင့် ဘေးဘီကို သတိထားလိုက်မိတော့မှ သူရောက်နေခဲ့တာ အရင်နေ့တွေလို ဆိုဖာပေါ်မဟုတ်ဘဲ အခန်းထဲက ကုတင်ပေါ်မှာ..ဒါဆို သူ့ကျန့်ကောရော..
ညက အဖြစ်အပျက်တွေကို ခပ်ရေးရေးမှတ်မိပေမယ့် သူဘယ်လိုဒီရောက်လာလဲ ဆိုတဲ့အထိတော့ မသိတော့..အခန်းထဲက ထွက်လို့ ပတ်ရှာမိတဲ့ အခါ သူမြင်ချင်တဲ့ အရိပ်လေးက မီးဖိုခန်းထဲမှာ..
ရှောင်ကျန့်က သူ့ကို ကျောပေးလို့ အလုပ်ရှုပ်နေပုံပါပဲ..
ဘယ်အချိန်ထဲက အောင့်ထားမိလဲ မသိတဲ့ သက်ပြင်းက အဲဒီလူကို ရှာတွေ့မှ အသက်ဝဝရှူထုတ်ရပြန်သေးတာ..အခန်းထဲပြန်ဝင်လို့ မျက်နှာသစ်သွားတိုက် အမြန်လုပ်ပြီး ထွက်လာတဲ့ အချိန်မှာ ရှောင်ကျန့်က ထမင်းစားပွဲကို ပြင်နေခဲ့ပြီ..
အနားသွားရပ်လို့ ရစ်သီရစ်သီလုပ်မိနေတဲ့ ရိပေါ်ကို မြင်တော့ လှုပ်ရှားမှုတွေက မဆိုစလောက်လေး နှေးကွေးသွားသေးတာ.." လာထိုင်လေ "
" အင်း.. ကျွန်တော့်အတွက်လား "
" အင်း.. မင်း မူးနေသေးတယ်မလား "
ဒီအိမ်ရောက်ထဲက ရှောင်ကျန်ရဲ့ ပထမဆုံးအနေနဲ့ သူ့စိတ်နဲ့ သူကိုယ် ဆုံးဖြတ်လို့ ထလုပ်တဲ့အလုပ်က သူ့အတွက် မနက်စာပြင်ပေးတာလား ဆိုတဲ့ အသိနဲ့ ရိပေါ်ရင်ဘတ်ထဲ အနွေးလှိုင်းလေးက ခပ်ငြိမ်ငြိမ့်စီးတယ်...
သူ့ရှေ့ချပေးလာတဲ့ ပန်းကန်လုံးလေးထဲက ဟင်းချိုကို ခပ်သောက်လိုက် သူ့ရှေ့က ရှောင်ကျန့်ကို လှမ်းလို့ငေးလိုက်နဲ့ ဒီမနက်ခင်းလေးက ပိုလို့လှတယ် ..
ပျော်နေတဲ့ စိတ်ကြောင့် အခု သူ့အမူအရာ ဘယ်လိုရှိမလဲဆိုတာ ရိပေါ်က မှန်မကြည့်ဘဲလဲ သိနိုင်ပါတယ်.." ငါ.. မင်းကို ပြောစရာရှိတယ် "
" ဟင်.. အင်း.. ပြောလေကော "
အငေးလွန်နေရာက ရုတ်တရတ်ဖြေလိုက်ရတဲ့ စကားပြတ်တောင်းတောင်းတွေကြောင့် သူ့ကို ရှောင်ကျန့်က တချက်လှည့်ကြည့်လာတယ်..
လက်ထဲက ဇွန်းကိုအသာချလို့ စကားစဖို့ကြံတဲ့ပုံစံက အလေးအနက်စကား တခုခုပြောချင်တိုင်း လုပ်တတ်တဲ့ ရှောင်ကျန့်ရဲ့ ပုံစံပါပဲ..
YOU ARE READING
Before I Let You Go
General Fictionခင္ဗ်ားကိုခ်စ္ရတာလဲ အျပစ္တစ္ခုလိုပဲ.. ခင်ဗျားကိုချစ်ရတာလဲ အပြစ်တစ်ခုလိုပဲ.. Warning > This fic is not about happy ending so read at your own risk.