[ Zawgyi ]
" ဟောက်ရွှမ်း.. သူရော "
အဖြူတွေပဲလွှမ်းနေတဲ့ အခန်းလေးထဲက လူနာဝတ်စုံနဲ့ ဝမ်ရိပေါ်က ကုတင်ပေါ်ကနေ သူ့ကို ခပ်တိုးတိုးလေး လှမ်းမေးလာတယ်..
" မင်းနိုးပီလား..ဘာလို့ ခဏလေးပဲအိပ်တာလဲ ပြန်အိပ်ဦး "
" သူရောလို့..ကျန့်ကောရော "
" ဘာမှမဖြစ်ဘူး "
" သတိရပြီတဲ့လား "
" အင်း ခုနလေးကမှ ပြန်သတိလည်လာတယ်ပြောတယ်.. အခု ကျိရန်ကော သတင်းသွားမေးနေတယ် "
" အော်.. "
" မင်း သွားချင်လို့လား "
သူ့အမေးကို ခေါင်းခါပြလာတဲ့ ရိပေါ်ကြောင့် ဟောက်ရွှမ်းက သက်ပြင်းခိုးချတယ်..
သိချင်တာသိပြီးတာနဲ့ ကုတင်ပေါ်ပြန်လှဲချတဲ့ ရိပေါ်ကတော့ နံရံဖက် မျက်နှာလှည့်အိပ်လေရဲ့..အတ္တပဲဆိုဆို..
သူ့သူငယ်ချင်းကိုပဲ သူ ပိုစိတ်ပူမိတာအမှန်..
တနေ့ညက ဆေးရုံမှာ ပွက်လောရိုက်နေခဲ့တဲ့ကောင်က အခုကျတော့ ကျောက်ရုပ်လို မတုန်မလှုပ်..ရှောင်ကျန့်ကို ဆရာဝန်တွေလက်အပ်ပြီး ပျောက်သွားတဲ့ကောင်က ပြန်လာတော့ လက်ခုံတွေ လက်ဆစ်တွေမှာ ဒဏ်ရာဗလပွနဲ့..
မျက်လုံးတွေကနီရဲပြီး စကားတခွန်းမှ မပြောတော့ဘဲ သူနဲ့ ကျိရန် ဆေးရုံရောက်ပြီးမကြာခင်မှာ ဝုန်းဆို လဲကျသွားတော့တာပဲ...ပူခြစ်နေတဲ့ ခန္ဓာကိုယ်က ဝမ်ရိပေါ် ဘယ်လိုတောင်ပေတေခဲ့လဲ သူတွေးစရာတောင် မလိုဘူး..
ဖျားနေတဲ့ကောင်က မိုးရေထဲအကြာကြီးရပ်ပြီး သူရောဂါသူမွေးခဲ့တယ်တဲ့..သတိပြန်ရတာနဲ့ ရှောင်ကျန့်ဆိုပြီး ဝုန်းဒိုင်းကြဲနေတဲ့ဝမ်ရိပေါ်က ကျန်းလီဆိုတဲ့ မိန်းကလေးဆရာဝန်တယောက် ရောက်လာတော့မှ ချက်ချင်းကို ငြိမ်ကျသွားခဲ့တာ...
ရိပေါ်နဲ့ ဘာတွေပြောခဲ့ကြမှန်း သူမသိပေမယ့် အရင်လို မသောင်းကျန်းတော့တဲ့ အဲဒီကောင်ကို ကြည့်ပြီး ဒါကောင်းတဲ့ပြောင်းလဲခြင်းဖြစ်ပါစေလို့တော့ သူမျှော်လင့်ခဲ့တာပဲ..
" ငါ ဆေးရုံဆင်းချင်တယ် "
အတွေးတပိုင်းတစက ရိပေါ်စကားကြောင့် တိခနဲ..
YOU ARE READING
Before I Let You Go
General Fictionခင္ဗ်ားကိုခ်စ္ရတာလဲ အျပစ္တစ္ခုလိုပဲ.. ခင်ဗျားကိုချစ်ရတာလဲ အပြစ်တစ်ခုလိုပဲ.. Warning > This fic is not about happy ending so read at your own risk.