Zawgyi Version
ငှက်ဆိုးထိုးသံကြီးလိုဆိုးရွားလှသည့်နှိုးစက်ရဲ့ မြည်သံကနှောက်ယှက်လာတာမလို့မျက်လုံး
မပွင့်သေးပေမဲ့လဲဇွတ်ဖြဲကာထလာရသည်။မထလို့မရ။ဒီနေ့သူမရဲ့အလယ်တန်းနောက်ဆုံးနှစ်ပထမဦးဆုံးကျောင်းဖွင့်ရက်ဖြစ်သည်။
ဆောင်းဦးရာသီတစ်ခုလုံးပိတ်ထားပေးပြီးပြီမို့လို့ ပထမဆုံးကျောင်းဖွင့်ရက်မှာနောက်ကျလို့တော့ မကောင်း။
"အိုက်ယား...Zu er ထစမ်းပါ...အပျင်း တစ်မနေနဲ့..."
ကိုယ့်ဟာကိုယ်သတိပေးသလိုပါးကိုလက်ဝါးနှင့်စုံရိုက်ချလိုက်တယ်။
ကိုယ့်လက်စနဲ့ကိုယ်ရိုက်ချပြီးမှအီစလံဝေသွားလို့ပါးလေးကိုပွတ်ရင်းရေချိုးခန်းထဲဝင်လာလိုက်သည်။
ဟုတ်ကဲ့...ကျွန်မကိုကျွန်မမိတ်ဆက်ရမယ်ဆိုရင်
ကျွန်မနာမည်က Song Zu er ပါ။Zu က
ဘိုးဘွားဘီဘင်က Zu ပါ။သာမန်အလယ်တန်းကျောင်းသူတစ်ဦးပါ။Cosmetics တွေ၊အစား
အသောက်တွေ၊အဆင်လေးတွေနဲ့ဘဝကြီးကို ရိုးရိုးရှင်းရှင်းဖြတ်သန်းနေသူလေးပေါ့။ကျွန်မဘဝကပျော်စရာကောင်းလားဆိုရင်တော့ပျော်စရာကောင်းပါတယ်လို့ပဲဖြေရမယ်။
ကျောင်းတွင်းအဆင့်ကလဲအောက်ဆုံးနဲ့အပေါ် ဆုံးကြားအလယ်လတ်လောက်မှာရှိနေပြီးမျက်နှာဖူးဖူးဝိုင်းဝိုင်းနဲ့ချစ်စရာအပြုံးလေးတွေကြောင့်လူချစ်လူခင်လဲများသူတစ်ယောက်ပါ။တတိုင်းရဘဝလောက်အထိသူဌေးသမီးကြီးဖြစ်နေတာတော့မဟုတ်ပေမဲ့လိုချင်တာမှန်သမျှ
တော့မရတာရှားပါသည်။ဒီတော့ကျွန်မဘဝကြီးမှနေမပျော်ဘူးဆိုရင်ဘယ်သူ့ဘဝကနေပျော်ဦးမှာလဲ။
ဒါပေမယ့်အမြဲတမ်းပြီးပြည့်စုံနေတဲ့အရာဆိုတာ ဒီလောကမှာမရှိဆိုတဲ့အတိုင်းပဲကျွန်မဘဝမှာလဲ အဆင်မပြေဘူးလို့ပြောလို့ရနိုင်လောက်သည့်အကြောင်းပြချက်သေးသေးပိစိကွေးလေးတစ်ခု
တော့ရှိပါတယ်။

YOU ARE READING
Don't Bring My Brother Away (Completed)
Fanfictionဘဝကြီးကခါးပါသည်။ဖူးစာရှင်လို့သတ်မှတ် ထားသည့်crush ကြီးကအစ်ကိုဖြစ်သူကို သဘောကျနေတယ်လို့သိလိုက်ရတဲ့အခါဘဝ ကြီးကပို၍ခါးသွားသည်။ A/N ကြည့်ဖူးတဲ့ FMV တစ်ခုကိုမှီငြမ်းပြီးရေး ထားတာဖြစ်ပါတယ်။