Zawgyi Version
မရည်ရွယ်ခဲ့ပါဘူး။တကယ်မရည်ရွယ်ခဲ့တာ။ဘယ်လိုအင်အားမျိုးကများဒီလောက်ထိတွန်းပို့
လိုက်လဲဆိုတာကိုသူတောင်မစဉ်းစားတတ်တော့ဘူး။တစ်သက်လုံးလေးဘေးမှာဒီတိုင်းအတူရှိခွင့်ရနေရင်ကျေနပ်ပါပြီဆိုတဲ့စိတ်ကူးကဘယ်လိုကြောင့်များလောဘတက်သွားမိရတာလဲ။
အတတ်နိုင်ဆုံးထိန်းနေတဲ့ကြားကလွတ်ထွက်
သွားတဲ့ခဏလေးမှာကျန့်ကောနှုတ်ခမ်းနဲ့သူ့နှုတ်ခမ်းဟာတစ်သားတည်းဖြစ်ပြီးနေပြီ။နောက်ဆုတ်လို့လဲမရတော့သလိုရှေ့ဆက်တိုးဖို့
လမ်းဟာလဲစမ်းတဝါးဝါး...။ဒါပေမယ့်ကျန့်ကောကဆိုးဆိုးဝါးဝါးကြီးတွန်းထုတ်တာ၊ဆောင့်ဖယ်တာတွေမရှိပဲသူ့နှုတ်ခမ်းကို
ပြန်ခွာပေးလိုက်တဲ့အချိန်ထိကြောင်တက်တက်လေးရယ်။သူ့ကျန့်ကောကသူ့ကိုဘယ်တော့မှရွံရှာတဲ့မျက်ဝန်းတွေစက်ဆုပ်တဲ့စကားတွေနဲ့မကြည့်
မပြောလောက်ဘူးလို့ယုံကြည်ထားတဲ့သူ့အတွေး
တွေမှန်ပုံပဲ။ဒီလောက်ဆိုသူတစ်ခါမှမမှန်းဖူးတဲ့အဖြေကိုမျှော်လင့်ခွင့်ရလောက်ပြီလို့ယူဆရမလား။
"ကျန့်ကော..."
ခေါ်သံကြောင့်သတိဝင်သွားပုံရတဲ့ကျန့်ကောဟာ
ဒန်းပေါ်ကနေတမုဟုတ်ချင်းထသည်။"မင်း ဒါဘာလုပ်တာလဲ Wang Yibo...
စနောက်တယ်ဆိုတာ အတိုင်းအတာရှိတယ်...
ဒီအပြုအမူက ဘယ်လောက်ထိအထင်လွဲမှား
စေနိုင်တယ်ဆိုတာ မင်းနားလည်ရဲ့လား..."ဖွင့်ဟမပြပဲအဆုံးထိသိုဝှက်ထားဖို့ဆန္ဒရှိခဲ့ပေမဲ့
သိသွားပြန်ပြီဆိုမှတော့လဲအကောင်းဆုံးကြိုးစားရုံပေါ့။စိတ်လှုပ်ရှားနေပုံရတဲ့ကျန့်ကောမျက်နှာကိုလက်ဖဝါးနှစ်ဖက်နဲ့ဆုပ်ကိုင်ပြီးမျက်လုံးချင်းဆုံအောင်ကြည့်တော့အနည်းငယ်ပြန်ရုန်းသည်။
"ကျန့်ကော...ကျွန်တော့်ကိုကြည့်...ကျွန်တော့်
မျက်လုံးကိုကြည့်..."ငြိမ်သက်သွားတဲ့ Xiao Zhan က Yibo ပြောတဲ့
အတိုင်းတသွေမတိမ်းလိုက်နာသည်။
DU LIEST GERADE
Don't Bring My Brother Away (Completed)
Fanfictionဘဝကြီးကခါးပါသည်။ဖူးစာရှင်လို့သတ်မှတ် ထားသည့်crush ကြီးကအစ်ကိုဖြစ်သူကို သဘောကျနေတယ်လို့သိလိုက်ရတဲ့အခါဘဝ ကြီးကပို၍ခါးသွားသည်။ A/N ကြည့်ဖူးတဲ့ FMV တစ်ခုကိုမှီငြမ်းပြီးရေး ထားတာဖြစ်ပါတယ်။