Zawgyi Version
ခရီးကပြန်လာတဲ့အချိန်သူတို့ကျောင်းတွေ
ပထမစာသင်နှစ်ပြီးလို့ခဏပိတ်လိုက်ပြီဖြစ်တယ်။အဆောင်မှာကျန်နေတဲ့သူတွေလဲရှိသလို၊တစ်ချို့ကျတော့လဲနယ်ကမိဘအိမ်ပြန်ကြသည်။
Wang Yibo နဲ့ Xiao Zhan ကျတော့ဘယ်မှ
ပြန်ချင်စိတ်မရှိလို့ဒုတိယစာသင်နှစ်ကိုအဆောင်မှာနေရင်းပဲစောင့်လိုက်တော့တာ။ပြောရရင်ခရီးကပြန်လာတည်းကသူနဲ့ကျန့်ကောကောင်းကောင်းမျက်နှာချင်းမဆိုင်ရသေးဘူး။
Yibo ကရှောင်နေတာလို့ပြောရင်ပိုမှန်မယ်။
မနက်ဆိုလဲကျန့်ကောမနိုးခင်အစောကြီး Arthur
အိမ်မှာသွားနေသလို၊ညဘက်ဆိုလဲအိပ်ဖို့တစ်ချိန်ပဲအဆောင်ပြန်လာသလိုမျိုးဖြစ်သည်။Arthur ကဒီမှာသူ့အဘွားအိမ်ရှိတော့ပိတ်ရက်ဆိုပြန်လာမယ့်အကြောင်းကြိုပြောထားပြီးသားဖြစ်ရာ Yibo အတွက်သူတို့အိမ်မှာတစ်နေကုန်တစ်နေခမ်းသွားနေလဲကိစ္စတော့မရှိ။
"ဟေ့ယောင် ဖက်ထုပ်ကြီး...မင်းနေ့တိုင်း
ငါ့အိမ်လာနေတာ...မင်းလူကြီးနဲ့အဆင်ရော
ပြေပါ့မလား...""လိကိုဖက်ထုပ်ကြီး...ဒီခွေးသားကတော့..."
"ငါမေးတာသာဖြေစမ်းပါ..."
"ဘာကိုဖြေရမှာလဲ...အဆင်မပြေစရာဘာမှမရှိဘူး...သူနဲ့ငါဘာဆိုင်လို့လဲ...အဆောင်ပြန်လဲ
သူကသူ့ဟာသူနေ ငါကငါ့ဟာငါနေပဲ...
တစ်ချိန်လုံး တစ်ယောက်မျက်နှာတစ်ယောက်
ထိုင်ကြည့်နေတာမှမဟုတ်ပဲ...""မင်းတို့ဘာဖြစ်ကြလဲ ငါမသိပေမယ့်...မြန်မြန်
ညှိစရာရှိညှိပြီး ပြန်ခေါ်ကြတော့ဟာ...
မင်းတစ်ချိန်လုံး ဖုန်းတကြည့်ကြည့်ဖြစ်နေတာ
ငါလဲစိတ်မချမ်းသာဘူး..."အရှိုက်ထိသွားတဲ့ Yibo ကကုတင်ပေါ်ကန့်လန့်ကြီးအိပ်နေရာကနေအောက်မှာခြေဆင်းထိုင်နေတဲ့ Arthur ကိုဆောင့်ကန်လေသည်။
"ဖင်မယားနဲ့...ဖုန်းကြည့်တာ အားကုန်နေရင်
အားသွင်းဖို့ကွ..."တကယ်လဲဖုန်းကြည့်တိုင်းဘာအဝင် call မှာ
မတွေ့တဲ့အချိန်ကိုင်ထားတဲ့ဖုန်းကိုပါပေါက်ကွဲပစ်ချင်လာတဲ့အထိလူကဘာကိုမကျေမနပ်ဖြစ်နေမှန်းဝေခွဲမရ။
![](https://img.wattpad.com/cover/207231921-288-k905955.jpg)
YOU ARE READING
Don't Bring My Brother Away (Completed)
Fanfictionဘဝကြီးကခါးပါသည်။ဖူးစာရှင်လို့သတ်မှတ် ထားသည့်crush ကြီးကအစ်ကိုဖြစ်သူကို သဘောကျနေတယ်လို့သိလိုက်ရတဲ့အခါဘဝ ကြီးကပို၍ခါးသွားသည်။ A/N ကြည့်ဖူးတဲ့ FMV တစ်ခုကိုမှီငြမ်းပြီးရေး ထားတာဖြစ်ပါတယ်။