Zawgyi Version
ကျောင်းတြွေပန်ဖွင့်တဲ့အချိန်အဆောင်မှာအရင်လိုဆူညံပွက်လောတွေရိုက်ပြီးလူတြွေပန်များလာတယ်။
ဒုတိယစာသင်နှစ်ဝက်ဆိုတော့ကျောင်းသားတော်တော်များများစိတ်လှုပ်ရှားနေကြသလိုပဲ။
ဘာလို့ဆို့ကျောင်းနှစ်ပတ်လည်ဈေးရောင်းပွဲနဲ့
အားကစားပွဲတွဲလုပ်မဲ့တစ်ရက်ရှိတယ်လေ။မေဂျာအလိုက်ဆိုတော့ Yibo တို့လဲပါရတယ်။
ကျန့်ကောတို့လိုဂုဏ်ထူးတန်းတွေကတော့များသောအားဖြင့်ဝင်ပြိုင်ဖို့စာရင်းပေးသူနည်းပါတယ်။လက်ရှိအဖြစ်ကို Yibo ပျော်နေလားလို့မေးရင်
အရူးတစ်ယောက်လိုဇက်ပြုတ်ထွက်သွားသည်အထိခေါင်းတဆတ်ဆတ်ညိတ်ပြမိမှာ။တစ်ခါတစ်ခါဆိုညဘက်တရေးနိုးလာရင်
ပြန်မအိပ်နိုင်ပဲမျက်စိရှေ့အိပ်မောကျနေတဲ့
ကျန့်ကောမျက်နှာလေးကိုပဲမျက်တောင်မခတ်တမ်းစိုက်ကြည့်မိတာ။အကယ်၍ပြန်အိပ်လိုက်လို့များမနက်ရောက်သွားလို့ဒါတွေအားလုံးကအိပ်မက်ဖြစ်နေခဲ့ရင်ဘယ်လိုလုပ်မလဲဆိုတဲ့ကလေးဆန်ဆန်အတွေးတွေကြောင့်ပင်။ဒါပေမယ့်လဲမိုးလင်းလာတိုင်းမေးရိုးထင်းထင်းနဲ့မှဲ့နက်လေးပိုင်ရှင်ကိုပဲတွေ့ပေါင်းများလာတော့မယုံမရဲစိတ်တွေတစ်ထစ်ချင်းစီလျော့
လာပါပြီ။ဒီရက်ပိုင်းကျန့်ကောကပိုပိုဆိုးလာတယ်။အရမ်းလဲချွဲသလို၊အရမ်းလဲရစ်တတ်လာတယ်။သူလုပ်ချင်တာပေးလုပ်ရင်ယုန်ပေါက်လေးလိုတိုးဝှေ့ချွဲနေတတ်ပြီး၊ပေးမလုပ်လို့ကတော့တစ်နေကုန်မျက်နှာကြီးမှုန်ကုပ်ပြီးငါးမိနစ်ခြားတစ်ခါ
ခြေဆောင့်ပြနေရော။ဒီအပြုအမူတွေဟာသုံးနှစ်သားလေးလိုချစ်ဖို့ကောင်းတာမှန်ပေမဲ့ကျန့်ကောတောင်းဆိုတာတွေကတော့သုံးနှစ်သားအတွေးနဲ့ဖြူဖြူစင်စင်လေးတွေတော့မဟုတ်။
အချိန်ပြည့်နမ်းခိုင်းနေတာ။ပါးလေးနမ်းပါဦး၊နဖူးလေးနမ်းပါဦး၊နှာခေါင်းလေးနမ်းပါဦးနဲ့မသိရင် Wang Yibo မှာသူ့ကိုယ်ပိုင်အနမ်းစက်ကြီးကျလို့။
အဓိကပြသာနာကဘာလဲဆိုကိုယ့်ကိုနမ်းခိုင်းတာ ကျငြင်းလို့ရပေမဲ့သူကလာနမ်းတဲ့အခါကျရှောင်လို့မရတာပဲ။အနမ်းခံရပြီဆိုတာနဲ့တော်ရုံ
မပြီးတော့ဘူး။အနည်းဆုံးဆယ့်ငါးမိနစ်အသာ
လေး။
ŞİMDİ OKUDUĞUN
Don't Bring My Brother Away (Completed)
Hayran Kurguဘဝကြီးကခါးပါသည်။ဖူးစာရှင်လို့သတ်မှတ် ထားသည့်crush ကြီးကအစ်ကိုဖြစ်သူကို သဘောကျနေတယ်လို့သိလိုက်ရတဲ့အခါဘဝ ကြီးကပို၍ခါးသွားသည်။ A/N ကြည့်ဖူးတဲ့ FMV တစ်ခုကိုမှီငြမ်းပြီးရေး ထားတာဖြစ်ပါတယ်။