cover ကကျန့်ကောဆိုပြတဲ့သီချင်းလေးပါ။
bm လုပ်ပြီးဖတ်ရင်ပိုဖီးလ်လို့ကောင်းပါတယ်။***This part may contain some mature warning.Please be read at your own risk.
Zawgyi Version
တစ်ကိုယ်လုံးကိုင်ရိုက်ထားသလိုမျိုးနာလိုက်တာဆိုတာတကယ်ပြောမပြတတ်အောင်ပဲ။
ခါတိုင်းဒီလိုမျိုးတစ်ခါမှစောမလာဖူးပါဘူး။သူ့အချိန်နဲ့သူလာရင်တောင်သူငယ်ချင်းတွေကြားထဲဘယ်တော့မှခါးမနာဘူး၊လာလို့လာနေမှန်းတောင်မသိဘူးဘာညာနဲ့ကြွားနေကျ။
သေချာရက်တွက်ထားပါတယ်။နောက်တစ်ပတ်ကျော်လောက်မှလာမယ့်ဟာဘယ်လိုဖြစ်တာလဲ
မသိ။လေစိမ်းမြေစိမ်းမို့လို့ပဲလားမပြောတတ်။မိန်းကလေးတွေအတွက်ဒီဒုက္ခကတစ်လတစ်ခါတကယ်ခံစားရတာ။
ဒါကိုတစ်ချို့တစ်ချို့အမျိုးယုတ်လေးတွေကနားမလည်ပဲမိန်းမဆိုရင်ကိုတစ်ဆင့်နိမ့်သလိုနှိမ်ချင်ကြတာ။ကိုယ်တွေလိုသွေးမဆုံးခင်နှစ်တွေအများကြီးထိမဟုတ်ပဲတစ်လလောက်ပဲဒီဒဏ်တွေခံကြည့်စမ်းပါ။ဘယ်လိုတောင်ဖြတ်ဖြတ်ခါလူးနေမလဲဆိုတာ။
အခုအဓိကဒုက္ခရောက်နေတာအောက်ကခံဖို့
pad တွေပါမလာတာပဲ။မတတ်နိုင်။အစ်ကိုဖြစ်သူဆီအပူကပ်ရုံကလွဲလို့
တခြားနည်းမရှိ။ခြေထောက်နှစ်ချောင်းကိုအတင်းလိမ်ဖယ်ပြီး
လျှောက်လာတာအပြင်ထိတော့ရောက်လာပြီ။ဒါပေမယ့်ကောကိုမတွေ့သေး။ဘယ်ရောက်နေတာလားပဲ။
မီးဖိုချောင်ထဲတကုပ်ကုပ်နဲ့တစ်ယောက်တည်း
ဘာတွေလုပ်နေမှန်းမသိတဲ့ Yibo ကိုမြင်တော့မှကောအပြင်သွားနေမှန်းသိရတယ်။ခါတိုင်း Yibo ရှိတဲ့ဘယ်နေရာမှာမဆို
ကောကတောက်တဲ့လိုတွယ်ကပ်နေတတ်တာလေ။မနေ့ညကဆို Zu er အပြင်ထွက်လာတုန်းကော်ဖီဖျော်နေတဲ့ Yibo ကိုအနောက်ကနေဖက်ပြီးစကား
တွေတတွတ်တွတ်လိုက်ပြောတဲ့မြင်ကွင်းနဲ့ကွက်တိတိုးရော။
YOU ARE READING
Don't Bring My Brother Away (Completed)
Fanfictionဘဝကြီးကခါးပါသည်။ဖူးစာရှင်လို့သတ်မှတ် ထားသည့်crush ကြီးကအစ်ကိုဖြစ်သူကို သဘောကျနေတယ်လို့သိလိုက်ရတဲ့အခါဘဝ ကြီးကပို၍ခါးသွားသည်။ A/N ကြည့်ဖူးတဲ့ FMV တစ်ခုကိုမှီငြမ်းပြီးရေး ထားတာဖြစ်ပါတယ်။