Zawgyi Version
သိပ်ကိုတောင့်တခဲ့ရသော...။
တစ်ချိန်တည်းမှာပဲ...။
သိပ်ကိုရှောင်ပုန်းချင်ခဲ့သော...။
ငါးနှစ်ကြာသွားတဲ့နောက်ဒီလူ့ရင်ခွင်ကပိုနွေးလာသလိုပဲ။စိတ်နာစရာအချက်ကသူဘယ်တော့မှပိုင်ဆိုင်ခွင့်ရှိလာမှာမဟုတ်တဲ့ရင်ခွင်။
မတော်တဆပြန်တွေ့ခဲ့ရင်ဘယ်လိုရင်ဆိုင်ရမလဲ ဆိုတဲ့အတွေးကိုမတွေးခဲ့ဖူးဘူးလို့ငြင်းရင်လိမ်ရာရောက်မယ်ထင်တယ်။
ဒါပေမယ့်လဲစဉ်းစားခဲ့သမျှတွေကသိပ်ပြီးတော့အသုံးမဝင်ပါဘူး။ဘာလို့ဆိုရင်သူလုပ်နိုင်တာကျောက်ရုပ်ကြီးတစ်ရုပ်လိုငူငူငိုင်ငိုင်ရပ်နေမိရုံမှလွဲလို့တခြားမရှိ။
"ထပ်မထွက်သွားတော့ဘူးမလား...ကောနားမှာပဲ
နေမယ်မလား...ဒီတစ်ခါမပြောမဆိုနဲ့
ထပ်ထွက်သွားရင် ကောမင်းကိုတကယ်
စိတ်ဆိုးမိတော့မယ်နော်..."နောက်ဘက်ကိုလှည့်လို့မရသည်အထိတင်းနေအောင်ဖက်ထားတာ။
"ကောလေ...မင်းကိုဘယ်လောက်လိုက်ရှာခဲ့ရလဲ
သိလား...ကောရဲ့ဖက်ထုပ်လေးက ကောအလာကို
မျှော်နေလိမ့်မယ်...ကောကတွေ့အောင်ရှာမှ
သူစိတ်ဆိုးပြေမှာဆိုပြီး ကောဘယ်လောက်ထိ
အသည်းအသန်ရှာခဲ့ရလဲ..."ခါးပေါ်ကလက်ကိုမရရအောင်ဆွဲဖြုတ်ရင်းမျက်နှာချင်းဆိုင်ဖို့အတော်ကြိုးစားရတယ်။ဒါတောင်သူပြေးထွက်သွားမှာစိုးသည့်အလားလက်ဖဝါးတစ်ဖက်ကိုမလွတ်တမ်းဆုပ်ကိုင်ထားသေးသည်။
တစ်ချိန်တုန်းကချုံချင်းမြို့ရဲ့ခြံတစ်ခြံမှာလဲသူထွက်သွားတုန်းနောက်ကအဲ့လိုမျိုးဖမ်းဆွဲထားခဲ့ပါလား။
အနည်းဆုံး...
အနည်းဆုံးတစ်ကြိမ်လောက်ပဲဖြစ်ဖြစ်မသွားပါနဲ့လို့သာလှမ်းတားခံခဲ့ရရင်ဒီကောင်ကနေနိုင်မယ်တဲ့လား။
တစ်ယောက်မျက်လုံးတစ်ယောက်စိုက်ကြည့်နေမိတာဘယ်လောက်ကြာသွားတယ်မသိ။
အချိန်တွေဘယ်လောက်ပြောင်းလာလာမျက်ရည်တွေလက်နေတဲ့ဒီလူ့မျက်ဝန်းတွေကိုတော့တကယ်သဘောမတွေ့နိုင်သေးဘူး။
ESTÁS LEYENDO
Don't Bring My Brother Away (Completed)
Fanficဘဝကြီးကခါးပါသည်။ဖူးစာရှင်လို့သတ်မှတ် ထားသည့်crush ကြီးကအစ်ကိုဖြစ်သူကို သဘောကျနေတယ်လို့သိလိုက်ရတဲ့အခါဘဝ ကြီးကပို၍ခါးသွားသည်။ A/N ကြည့်ဖူးတဲ့ FMV တစ်ခုကိုမှီငြမ်းပြီးရေး ထားတာဖြစ်ပါတယ်။