Zawgyi Version
ရုပ်ရှင်တစ်ခုမှာယွမ်(70)၊ယွမ်(80)နဲ့ငှားထားတဲ့ ဖြတ်လျှောက်တွေရဲ့ခံစားချက်မျိုးကိုသင်တို့ခံ
စားဖူးပါသလား။မခံစားဖူးဘူးဆိုရင်ရထားပေါ်မှာငူငူငေါင်ငေါင်
နဲ့ထိုင်နေသည့် Zu er ကိုသွားမေးကြည့်ပါ။သေ
ချာပေါက်ပြောပြပါလိမ့်မယ်။ဟုတ်ပါတယ်...။
ဇာတ်ပို့၊ဇာတ်ရန်အဆင့်မှာတောင်မရှိသည့်ဖြတ်လျှောက်အဆင့်ပါ။ဘေးနားမှာယှဉ်ရပ်နေသည့်အဓိကဇာတ်ဆောင်မင်းသားနှစ်ယောက်နှင့်ယှဉ်လျှင်သူမအဖြစ်ကဖြတ်လျှောက်သာသာရယ်ပါ။
ဘယ်အချိန်ကစပြီးဖြတ်လျှောက်ရာထူးရသွား တာလဲဆိုရင်လွန်ခဲ့တဲ့(15)မိနစ်ကိုပြန်သွားရလိမ့်
မယ်။သက်တံ့ကွေးကွေးကြီးကိုကြည့်ပြီးအရှေ့
ပြန်လှည့်လိုက်တဲ့အချိန်၊ကောရဲ့ကျောင်းသား
သစ်နာမည်ကိုမေးလိုက်တဲ့အချိန်ပေါ့။မျက်နှာချင်းဆိုင်တည့်တည့်ကနေလျှောက်လာ
သည့် Yibo ရယ်။အမှန်ဆိုရထားဘူတာကဟိုဘက်မှာဟာကိုသူကဘာလို့ဆန့်ကျင်ဘက်ကြီးပြန်လျှောက်လာတာလဲ။ဘူတာနဲ့မပြန်ပဲဘတ်စ်နဲ့ပြန်မယ်ဆိုလဲ
မှတ်တိုင်ကဟိုဘက်ထိပ်မှာ။တဖြည်းဖြည်းနဲ့နီးလာလေ Yibo စိုက်ကြည့်နေ
တာက Zu er တို့ဘက်ကိုမှန်းပိုပြီးထင်ရှားလာလေပဲ။မဟုတ်သေးဘူးလေ...။
တွေ့တာမှတစ်နေ့နဲ့တစ်ပိုင်းတောင်မပြည့်သေး တာဟာကို...။
ဘယ်လိုဖြစ်တာလဲ။ငါလေးခံနိုင်ရည်မရှိဘူး
နော်။ပိုနီးလာလေ Zu er ရင်ထဲပိုပြီးဖိုးသိုးဖတ်သပ်တြွေဖစ်လာလေပဲ။
ဘေးနားမှာပါလာတဲ့ကောကတော့အဝေးမှုန်မို့လို့မျက်မှန်မတပ်ထား၍အရှေ့မှလျှောက်လာသည့်သူကိုသိပ်မြင်ရပုံမပေါ်။
ဟုတ်ပြီ...။
လုံးဝမျက်နှာချင်းဆိုင်ဖြစ်ပြီ...။
KAMU SEDANG MEMBACA
Don't Bring My Brother Away (Completed)
Fiksi Penggemarဘဝကြီးကခါးပါသည်။ဖူးစာရှင်လို့သတ်မှတ် ထားသည့်crush ကြီးကအစ်ကိုဖြစ်သူကို သဘောကျနေတယ်လို့သိလိုက်ရတဲ့အခါဘဝ ကြီးကပို၍ခါးသွားသည်။ A/N ကြည့်ဖူးတဲ့ FMV တစ်ခုကိုမှီငြမ်းပြီးရေး ထားတာဖြစ်ပါတယ်။