Zawgyi Version
နေမကောင်းဖြစ်ရာကနေပြန်ကောင်းလာတည်းကအရင်လိုမဟုတ်တော့ပဲဖာသိဖာသာနေတတ်လာတဲ့ကောင်လေးကို Xiao Zhan သိပ်သဘောမကျချင်။ဒီအခြေအနေထက်စာရင်အရင်လိုလိုက်ရန်စောင်နေတတ်တဲ့ဖက်ထုပ်လေးကိုပဲပြန်လိုချင်တယ်။
မနက်မိုးလင်းမျက်နှာသစ်လို့မျက်နှာပေါ်တစ်ခုမဟုတ်တစ်ခုပေါက်ကရဆွဲထားတာလေးတွေကြည့်ပြီးမရယ်ရတာကြာတော့တစ်ခုခုလိုလာသလိုလို။
အိပ်ရာခင်းကိုတောင်တမင်သပ်သပ်ရပ်ရပ်လေးလုပ်ပြထားပြီးအာလူးကြော်တွေလာကျဲဦးမလားမျှော်နေပေမယ့်လဲအလကားပဲ။
ဘယ်အချိန်များဆော့ပင်နဲ့လာဆွဲမလဲဆိုပြီးညတိုင်းအိပ်ချင်ယောင်ဆောင်ရင်းစောင့်ပေမယ့်လဲ
အချည်းနှီးသား။ဖက်ထုပ်လေးကအရေးမလုပ်တဲ့အပြင်သူ့ထက်တောင်အရင်အိပ်ပျော်သွားသည်ဆိုတော့ Xiao Zhan လဲဘာမှမတတ်နိုင်။Yibo ကအအေးသိပ်ကြိုက်တာ။ရေချိုးပြီးတာနဲ့တန်းအိပ်ပေမဲ့ဘယ်တော့မှစောင်တွေဘာတွေ
မခြုံ။အဝတ်အစားလဲထူထူထဲထဲမဝတ်။ဒီတော့သူ့အကောင်ပေါက်လေးဖျားနာမှာစိုးရိမ်လွန်းတဲ့ Xiao Zhan မှာသာဟိုကအိပ်ပြီဆိုခိုးခိုးပြီးစောင်သွားခြုံပေးတတ်တဲ့အကျင့်တစ်ခုတိုးလာတော့သည်။
ညတိုင်းငြိမ်းငြိမ်းချမ်းချမ်းလေးအိပ်မောကျနေတဲ့ကောင်လေးကိုစောင်ခြုံပေးပြီးရင်ဆယ့်ငါးမိနစ်လောက်ထိုင်ကြည့်ဖြစ်လာတယ်။
အကြည့်စိမ်းစိမ်းတွေပေးတတ်တဲ့မျက်ခွံမို့မို့လေးတွေမှိတ်လို့။
စကားကြမ်းကြမ်းတွေထွက်တတ်တဲ့နှုတ်ခမ်းဖူးဖူးလေးတွေလဲငြိမ်သက်လို့။
ထိုင်ငေးနေရင်းကနေအရမ်းအသည်းယားလာပြီဆိုနှာခေါင်းလုံးလုံးလေးကိုမနာအောင်ခပ်ဖွဖွဆွဲညှစ်မိတယ်။
နှာခေါင်းညှစ်ခံလိုက်ရလို့အသက်ရှူကြပ်ပြီးအိပ်နေရင်းတန်းလန်းတောင်ရန်လုပ်လိုသည့်အရိပ်အယောင်လေးတွေပေါ်လာတဲ့ကောင်လေးကိုကြည့်ပြီးပါးလေးဖြစ်ဖြစ်နဖူးလေးဖြစ်ဖြစ်အသာလေးလက်မနဲ့ပွတ်ပေးဖြစ်သည်။

YOU ARE READING
Don't Bring My Brother Away (Completed)
Fanfictionဘဝကြီးကခါးပါသည်။ဖူးစာရှင်လို့သတ်မှတ် ထားသည့်crush ကြီးကအစ်ကိုဖြစ်သူကို သဘောကျနေတယ်လို့သိလိုက်ရတဲ့အခါဘဝ ကြီးကပို၍ခါးသွားသည်။ A/N ကြည့်ဖူးတဲ့ FMV တစ်ခုကိုမှီငြမ်းပြီးရေး ထားတာဖြစ်ပါတယ်။