Zawgyi Version
assembly ခန်းမကြီးထဲမှာကျောင်းသားတွေအတန်းလိုက်...။
အားနာမှုနဲ့လေးစားမှုနှစ်ခုကြောင့်သာလျှင်ဘာအသံမှမထွက်ပဲတစ်နာရီစာလောက်ကိုကြိတ်မှိတ်ပြီးသည်းခံနေတာ။
နားလဲမခံသာ၊ထိုင်နေရတဲ့ဖင်လဲမခံသာ။
ကျောင်းနှစ်ကျောင်းလုံးကဆရာတွေ၊ဆရာမတွေတစ်ယောက်ပြီးတစ်ယောက်တက်ပြီးတော့ဆုံးမစကားနဲ့ဩဝါဒစကားတွေပြောနေဝာမပြီးနိုင်၊မဆုံးနိုင်။
"ဆရာတို့ကျောင်းကြီးက နှစ်တိုင်းမြို့နယ်အဆင့်(5)မှာ ဗိုလ်ဆွဲခဲ့သလို ဝမ်းသာစရာအနေနဲ့ ဒီနှစ်တစ်ဆင့်တက်ပြီး အဆင့်(4)ဖြစ်သွားကြောင်းကြေညာရင်းနဲ့ပဲ အဆုံးသတ်လိုက်ပါတော့မယ်..."
ကျောင်းအုပ်ကြီးကမိုက်ကိုချပြီးသူ့နေရာသူပြန်ထိုင်လေသည်။
ကျောင်းသားတွေအားလုံးစိတ်ထဲမှာလှုပ်လှုပ်ရွရွ
ဖြစ်နေပြီ။ဒီအချိန်လေးကိုတစ်နှစ်ပတ်လုံးစောင့်မျှော်လာတာလေ...။
"အခုချိန်ကစပြီး ကျွန်တော်တို့ကျောင်းတော်ကြီး
နှစ်ခုရဲ့ နှစ်စဉ်နှစ်တိုင်းကျင်းပလေ့ရှိတဲ့
ရေကစားပွဲစတင်ပါပြီ!!!"ကျောင်းသားရေးရာရဲ့စကားလဲဆုံးရောထိုင်နေတဲ့သူတွေအားလုံးဟေးခနဲအော်ကာအပြင်ကို
ပြေးထွက်လေတော့သည်။တခြားကျောင်းတွေတော့မပြောတတ်ပေမယ့်သူတို့ကျောင်းနှစ်ကျောင်းကတော့ဒီလိုကစားပွဲလေးရှိတယ်။
Zu er တို့ကစာမေးပွဲပြီးသွားပြီဆိုတော့အပြည့် အဝပျော်နိုင်ပေမယ့်နောက်ဆုံးနှစ်သမားကြီး
Xiao Zhan ကတော့ Gao Kao ဆိုတဲ့တက္ကသိုလ်ဝင်စာမေးပွဲကျန်သေးတယ်။အပြင်ရောက်တာနဲ့ကိုရေတွေအုံလိုက်ကျင်းလိုက်
အပက်ခံရတာ...။တစ်ချို့တွေကျတော့လဲပူဖောင်းထဲရေတွေထည့်ပြီးဖြည့်နေကြသည်။
သူတို့ကျောင်းသူ၊ကျောင်းသားတွေကစည်းကမ်းတော့ရှိကြတယ်။ဘယ်တော့မှရေပူဖောင်းတွေ၊ရေပြွတ်တွေကိုမျက်နှာတည့်တည့်ချိန်ပြီးမပစ်။
ESTÁS LEYENDO
Don't Bring My Brother Away (Completed)
Fanficဘဝကြီးကခါးပါသည်။ဖူးစာရှင်လို့သတ်မှတ် ထားသည့်crush ကြီးကအစ်ကိုဖြစ်သူကို သဘောကျနေတယ်လို့သိလိုက်ရတဲ့အခါဘဝ ကြီးကပို၍ခါးသွားသည်။ A/N ကြည့်ဖူးတဲ့ FMV တစ်ခုကိုမှီငြမ်းပြီးရေး ထားတာဖြစ်ပါတယ်။