Zawgyi Version
ထမင်းစားခန်း dining table မှာထိုင်နေတဲ့ကောင်လေးတစ်ယောက်မျက်နှာကအလိုမကျမှုအထင်းသားပင်။
ကျန်တဲ့ကျောင်းသားတွေအားလုံးအလုအယက်
စနောက်ပြီးစားသောက်နေကြပေမဲ့သူကတော့လူတစ်ယောက်ကြောင့်တမင်ကိုမပြုံးမရယ်ဖြစ်နေတာ။အကြောင်းပြချက်ကရေကစားချိန်ဆော့ကောင်း ကောင်းနဲ့နေဝင်ချိန်ထိပင်လယ်ထဲကမတက်သေးတဲ့သူ့ကိုကမ်းပေါ်ဆွဲတင်လာပြီးအခန်းထဲအတင်းခေါ်သွားတဲ့ Xiao Zhan ကြောင့်ပင်။
ဘာကြောင့်လဲဆိုပြီးဆူဆောင့်မေးတော့
'ဖက်ထုပ်လေးသူငယ်ချင်းတြွေပန်လာလို့
သူတို့ရေအရင်ချိုးမယ်လုပ်တဲ့အခါကျရေစိုဝတ်ကြီးနဲ့ထိုင်စောင့်နေရရင်ကလေးအအေးပက်မှာ
စိုးလို့ပါ' တဲ့။ရေချိုးပြီးပြန်ထွက်လာတဲ့သူ့အတွက်နွားနို့ပူပူလေးတစ်ခွက်ကအဆင်သင့်စားပွဲပေါ်မယ်တွေ့လို့
မသောက်ချင့်သောက်ချင်နဲ့ကောက်မော့ခဲ့ရသေးသည်။ဒီကောင့်မှာစိတ်ဆိုးရခက်၊ဒေါသထွက်ရခက်နဲ့ပဲ
Xiao Zhan ဆိုတဲ့လူရဲ့ဂရုစိုက်မှုတွေကိုမွေးခါစဘုစုဂုရုလေးလိုခံယူနေရတယ်။"စားလေ ဖက်ထုပ်လေး...ဘာဖြစ်လို့လဲ...
မကြိုက်လို့လား...""စားနေတာပဲ ခင်ဗျားမတွေ့ဘူးလား..."
ကိုယ်တွေနှစ်ယောက်ပဲရှိနေတာမဟုတ်လို့ 'ခင်ဗျား' လို့သုံးနှုန်းရင်အသံနည်းနည်းနိမ့်ပြီးဘယ်သူမှမကြားအောင်သတိထားရတာလဲအလုပ်တစ်လုပ်။
ကျန့်ကောကိုဒီလိုခေါ်ခွင့်သူ့တစ်ယောက်မှာပဲရှိတယ်။တခြားကောင်တွေပါကြားပြီးကိုယ့်စီနီယာကိုမလေးမစားလိုက်ခေါ်ရင်ခေါ်တဲ့ကောင် Wang Yibo နဲ့တွေ့သွားမယ်။
"ရေသောက်ချင်လို့လား..."
"အင်း..."
ဘာတွေစိတ်ညစ်ရလဲဆိုအဲ့ဒါတွေပဲ။
စားနေရင်းတန်းလန်းရေသောက်ချင်လို့မျက်လုံးလေးတစ်ချက်ဝေ့မိတာနဲ့လက်ထဲရေခွက်အဆင်သင့်ရောက်လာပြီ။
ပင်လယ်စာတွေစားထားတာမို့လို့ဆိုပြီးလက်ဖဝါးထဲထည့်ပေးလာတဲ့အစာကြေဆေးလုံးလေးကိုလဲ
ဘယ်အချိန်ကဘယ်လိုယူလာတယ်မပြောတတ်။
ŞİMDİ OKUDUĞUN
Don't Bring My Brother Away (Completed)
Hayran Kurguဘဝကြီးကခါးပါသည်။ဖူးစာရှင်လို့သတ်မှတ် ထားသည့်crush ကြီးကအစ်ကိုဖြစ်သူကို သဘောကျနေတယ်လို့သိလိုက်ရတဲ့အခါဘဝ ကြီးကပို၍ခါးသွားသည်။ A/N ကြည့်ဖူးတဲ့ FMV တစ်ခုကိုမှီငြမ်းပြီးရေး ထားတာဖြစ်ပါတယ်။