Zawgyi Version
ကျန့်ကောတိုက်ခန်းနဲ့ Yibo အိမ်ယာကစက်ဘီးနဲ့လာမယ်ဆိုအနည်းဆုံးနာရီဝက်လောက်
နင်းရသည်။ဒါပေမယ့်လဲမြန်မြန်ရောက်ချင်စိတ်နဲ့မှန်းထား တာထက်စောပြီးထွက်ချလာလိုက်တယ်။ကြိုရောက်တော့လဲအောက်မှာစောင့်နေမှာပေါ့။
သိပ်တော့မကြာလိုက်...။
(10)မိနစ်လောက်အကြာမှာ Xiao Zhan တို့မောင်နှမနှစ်ယောက်ဆင်းလာသည်။
"Yibo...စောင့်နေရတာ ကြာပြီလား...sry ကွာ..."
"ကျွန်တော်လဲ အခုမှရောက်တာ..."
"တော်ပါသေးရဲ့...Zu er တစ်ယောက်ကွာ...
ပြင်လို့ဆင်လို့ကို မပြီးနိုင်တာ...သွားခါနီးအထိ ဘာတွေမှန်းမသိလျှောက်လိမ်းနေသေးလို့ မနည်းဆွဲခေါ်လာရတယ်...မဟုတ်ရင်ဒီနေ့ကျောင်းရောက်တော့မှာ မဟုတ်ဘူး...""ရာသီဥတုကအေးလာပြီလေကောရယ်...
ဒီတော့ အသားအရေမပျက်စီးအောင် skin လေး
ဘာလေး care ရမှာပေါ့..."အရင်နေ့တွေတုန်းကများအိပ်လိုက်တာမှခေါင်း
ကိုဆင်တက်နင်းသွားရင်တောင်ဘဝတစ်ပါးကို
ငြိမ်းငြိမ်းချမ်းချမ်းကူးပြောင်းသွားနိုင်ဖွယ်ရှိသည့်ပုံ။skin car ဖို့မပြောနဲ့။ဘာမှကိုထမ care ပဲ
ကာလနဂါးလိုအိပ်တာ။"ဒါဆိုလဲ သွားကြတာပေါ့...ခဏလေး...ကော
စက်ဘီးသွားထုတ်လိုက်မယ်..."စက်ဘီးက Zu er စက်ဘီးဆိုတော့သိတဲ့အတိုင်း
ပန်းရောင်ကိုမှလိပ်ပြာတွေ၊ပန်းပွင့်တွေနဲ့။အိမ်မှာ
Xiao Zhan ကစက်ဘီးမစီးတတ်တော့ Zu er အတွက်ပဲဟိုသွားဒီသွားလုပ်လို့ရအောင်မားက
ဝယ်ပေးထားတာ။အခုတော့ဒီပန်းရောင်ကြီးပေါ်အရှေ့ကညီမဖြစ်သူနင်းတာကို Xiao Zhan ကအနောက်ကနေ မိန့်မိန့်ကြီးလိုက်စီးရတော့မည်။
"ကျန့်ကော..."
"ဟေ..."
Yibo ကကယ်ရီယာဖင်ကိုလက်နဲ့ပုတ်ပြသည်။
ESTÁS LEYENDO
Don't Bring My Brother Away (Completed)
Fanficဘဝကြီးကခါးပါသည်။ဖူးစာရှင်လို့သတ်မှတ် ထားသည့်crush ကြီးကအစ်ကိုဖြစ်သူကို သဘောကျနေတယ်လို့သိလိုက်ရတဲ့အခါဘဝ ကြီးကပို၍ခါးသွားသည်။ A/N ကြည့်ဖူးတဲ့ FMV တစ်ခုကိုမှီငြမ်းပြီးရေး ထားတာဖြစ်ပါတယ်။