Zawgyi Version
ကျန့်ကောတို့တိုက်ခန်းကို Yibo ဒါပထမဦးဆုံးအကြိမ်ရောက်ဖူးတာဖြစ်သည်။
သူတို့မောင်နှမနှစ်ယောက်နဲ့တိုက်ခန်းလေးရဲ့ အရိပ်အငွေ့ကလိုက်ဖက်မှုရှိပါတယ်။
"Yibo...ထမင်းစားတာနည်းလိုက်တာ...
ခါတိုင်းရောအဲ့လောက်ပဲ စားတာလား...""အင်း...ဒီ့ထက်ပိုနည်းတယ်...ဒါ ကျန့်ကော
လက်ရာမို့လို့ ပုံမှန်ထက်ပိုစားနေတာ...""ဟုတ်တယ်မလား...ငါ့ကော ဟင်းချက်တာ
ကောင်းတယ်မလား...စား...စား...အားမနာနဲ့...
ထည့်စား...""အင်း..."
ခါတိုင်းဆိုဟင်းတုံးအကြီးကြီးတွေအရင်ရွေးယူပြီးအစ်ကိုကိုအနိုင်ကျင့်လေ့ရှိတဲ့သူလို့မထင်ရလောက်တဲ့အထိကို Zu er က သဒ္ဓါတရားတွေ ထက်သန်လွန်းနေတယ်။
Yibo ပန်းကန်ကထမင်းတောင်မပေါ်တော့...။
သြော်...ငါ့ညီမလေးငါ့ကိုဘယ်လောက်ချစ်မှန်း
ဒီနေ့မှပဲမျက်ဝါးထင်ထင်တွေ့လိုက်ရတော့
တယ်။ဒါပေမယ့် Xiao Zhan ပန်းကန်ထဲမှာလဲဟင်း
ကအလျှံ...။Wang Yibo ခပ်ခပ်ထည့်ပေးနေတာလေ။ဒီတော့ဘက်ပဲ့နေတာက Zu er...။
အဲ့ဒါနဲ့ပဲအစားပုပ်တဲ့သူ့ညီမလေးငတ်နေပါ့မယ်
လေဆိုပြီး Xiao Zhan ကတစ်လှည့် Zu er ပန်းကန်ထဲဟင်းတွေထည့်ပြန်သည်။အဲ့လိုနဲ့ပဲသုံးယောက်သားဟင်းပို့ဆောင်ရေး system ကြီးလိုဝိုင်းကြီးပတ်ပတ်လည်ရင်းနဲ့ပဲညစာစားခြင်းအမှုပြီးဆုံးလေတော့သည်။
"Yibo...ရေချိုးလိုက်မလား...ပေါ့သွားအောင်လို့...မဟုတ်ရင် ငြီးစီးစီးနိုင်နေလိမ့်မယ်..."
ဖက်ထုပ်လေးကသူပေးတဲ့အကြံကိုမငြင်းပဲ
အသာတကြည်လက်ခံလိုက်သည်။ခက်တာက Yibo မှာလဲဖို့ပြုဖို့ဘာအဝတ်မှပါမ လာ။
ဒီတော့လဲ Xiao Zhan ကပဲသူ့အခန်းထဲခေါ်
သွားပြီးအင်္ကျီထုတ်ပေးရန်ဖြစ်လာသည်။

DU LIEST GERADE
Don't Bring My Brother Away (Completed)
Fanfictionဘဝကြီးကခါးပါသည်။ဖူးစာရှင်လို့သတ်မှတ် ထားသည့်crush ကြီးကအစ်ကိုဖြစ်သူကို သဘောကျနေတယ်လို့သိလိုက်ရတဲ့အခါဘဝ ကြီးကပို၍ခါးသွားသည်။ A/N ကြည့်ဖူးတဲ့ FMV တစ်ခုကိုမှီငြမ်းပြီးရေး ထားတာဖြစ်ပါတယ်။