Episode-(7) Z+U

12.2K 1.5K 71
                                    

Zawgyi Version

ဆိုဖာ​လေးသုံးခုံ၊တီဗီတစ်​လုံးနဲ့ပန်းအိုးတင်​ထား
တဲ့စားပွဲပု​လေးတစ်​ခုကအိမ်​​ရှေ့ခန်းလို့​​သတ်​မှတ်
နိုင်​​အောင်​တည်​ရှိ​နေသည်​။

အိပ်​ခန်းနှစ်​ခန်းပါ​ပေမဲ့​ရေချိုးခန်းအိမ်​သာတွဲ လျက်​ကတစ်​ခန်းထဲသာပါ​သော​ကြောင့်​​ Xiao Zhan တို့​မောင်​နှမနှစ်​​ယောက်​အတွက်​အနည်း ငယ်​​တော့​ကသီလင်​တနိုင်​တယ်​။ဒါ​ပေမယ့်​​ Zu er နဲ့ Xiao Zhan ကမနက်​ပိုင်းအချိန်​​တွေကိုနား လည်​မှုရှိရှိနဲ့တစ်​​ယောက်​ကိုတစ်​​ယောက်​မျှမျှ တတ​ပေးသုံး​​တော့အဆင်​​ပြေပါသည်​။

ဝက်​သားကိုဟင်းသီးဟင်းရွက်​အစုံနှင့်​ထည့်​​ကျော်​ပြီးဒီဘက်​ကမုန်​ညှင်းချဉ်​ဟင်းချိုကိုအဖုံး
ဖွင့်​လိုက်​​တော့အရသာရှိမဲ့အနံ့​တွေကပလုံစီ
ထွက်​လာသည်​။

ညီမဖြစ်​သူ Zu er ကြိုက်​တတ်​တဲ့ကြက်​ဥလိပ်​​လေးကိုလဲကြက်​သွန်​မြိတ်​ပါးပါးထည့်​ကာခ​လောက်​ပြီး​ကျော်​​ရန်​ပြင်​ရ​သေးသည်​။

သူ​လေးကအခုလိုပိတ်​ရက်​​ရောက်​တိုင်းစားချင်
တာ​တွေချက်​ခိုင်းပြီးအစ်​ကိုဖြစ်​သူကိုခိုင်းစား​နေ
ကျ...။

"​ကော...Zu er ​ပြောတာနား​ထောင်​​နေလားလို့...
ဒီမှာ သူများက​သေချာ​ပြောပြ​နေတဲ့ဟာကို..."

"နား​ထောင်​​နေတာ​ပေါ့ Zu er ရဲ့...ဆက်​​ပြော​လေ..."

ဒယ်​အိုး​ပေါ်ကြက်​ဥခ​လောက်​ထားတာကိုလိပ်​လို့
အဆင်​​ပြေ​အောင်​ခပ်​ပါးပါး​လေး​လောင်းချရင်းပြန်​​ဖြေလိုက်​သည်​။

"Yibo က​လေ...အရမ်း​တော်​တာပဲ​ သိလား...
အင်္ဂလိပ်​စာအချိန်​ဆို Zu er တို့ပါးစပ်​က အာ​စေး မိသလိုပဲ...ဒါ​ပေမယ့်​ ​Yibo ​ပြောသွားတာများ ရွှတ်​ခနဲရွှတ်​ခနဲ​နေတာပဲ ​ကောရယ်​...ဘယ်​လို
နား​ထောင်​​ကောင်းမှန်းကိုမသိတာ..."

"ဟုတ်​လား..."

"ဟုတ်​ပါတယ်​ဆို..."

"သင်္ချာချိန်​ဆိုလဲ ဂျီသြ​မေတြီပုစ္ဆာ​တွေကို
Zu er တို့က (10)မိနစ်​​လောက်​မှပြီးရင်​ သူက
(5)မိနစ်​နဲ့ပြီးတယ်​ ​ကောရဲ့..."

Don't Bring My Brother Away  (Completed)Opowieści tętniące życiem. Odkryj je teraz