Episode-(22) Z+U

10.9K 1.3K 71
                                    

Zawgyi Version

လေးရက်​​လောက်မတွေ့ရတာ Yibo မှာသတိရလို့အရူးတစ်ပိုင်းပဲ။

ဒါပေမယ့်တစ်ဖက်မှာကလဲသူ့အဘိုးနဲ့အဘွားလေ။ကျန့်ကောနဲ့စာသင်ဖြစ်တည်းကဘေကျင်းကိုမပြန်ဖြစ်တာအတော်ကြာနေပြီ။

ဘာလိုလိုနဲ့နှစ်နှစ်တောင်ပြည့်သွားပြီ။အမှတ်တရ
တွေလဲအများကြီးပဲ။

နောက်များမှကြုံရင်ကျန့်ကောအကြောင်းတွေချည်းပြည့်နေတဲ့သူ့မှတ်တမ်းစာအုပ်လေးကိုပြဦးမှပါ။ဖက်ထုပ်လေးရာဆိုပြီးဖက်ဖက်ပြီးနမ်းဦးမှာမြင်ယောင်နေသေးတယ်။

ဒီတစ်ခေါက်သွားတာအလကားတော့မဟုတ်ဘူး။
အဘိုးနဲ့အဘွားဆီကသူမင်္ဂလာဆောင်ရင်ပေးမယ်ဆိုတဲ့လက်စွပ်ကြီးကြိုတောင်းလာတယ်။

သူ့ရဲ့ယုန်ငတုံးလေးကမြင်ရင်အူတိအူကြောင်နဲ့
ပြောသမျှယုံပြီးခိုင်းတဲ့အတိုင်းလိုက်ဝတ်ဦးမှာ။

သူ့ကိုထားပြီးထွက်ပြေးလို့မရအောင်ယုန်လေးကို
ခြေချုပ်ဖမ်းတဲ့သဘောဖြစ်ကြောင်းစကားစပ်တဲ့တစ်နေ့သိအောင်ပြောပြရမယ်။

စိတ်ကူးတွေနဲ့ပျော်နေရှာတဲ့ကောင်လေးဟာ
သိပ်ကိုရိုးရှင်းလွန်းပါတယ်။သူ့အတွေးထဲမှာဒီနေ့ကလွဲပြီးမနက်ဖြန်တွေ၊သဘက်ခါတွေမရှိဘူး။

"Yibo...စောင့်နေရတာ ကြာပြီလား..."

ကျန့်ကောဆိုပြီးပြေးဖက်ရှာတဲ့ကလေးငယ်ဟာ
ပကတိဝမ်းသာစိတ်ကိုအရင်းခံတယ်။

အဖက်ခံရတဲ့ကျန့်ကောဟာခါတိုင်းလိုစီးပြီးကြိုပေမဲ့အပြုံးကတစ်မျိုးဖြစ်နေတယ်ဆိုတာအမြဲဖအေနဲ့မအေအရိပ်အကဲကိုကြည့်ပြီးနေလာတဲ့
Yibo ကရိပ်မိတယ်။

"ကျန့်ကော...ကျွန်တော့်ကိုလွမ်းလား..."

"လွမ်းတာပေါ့ ကလေးရဲ့...မလွမ်းပဲနေမလား..."

ဖက်ထုပ်လေးကသဘောတကျရယ်တော့
Xiao Zhan လဲလိုက်ပြုံးမိသည်။

ဒါပေမယ့်အသက်မပါ...။

စာသင်နေတဲ့တစ်လျှောက်လုံးဘောင်းဘီအိတ်
ထဲထည့်ထားတဲ့လက်စွပ်ဘူးလေးကိုတကိုင်ကိုင်ဖြစ်နေတဲ့ Yibo ကိုသူ့အတွေးနဲ့သူမအားတဲ့
Xiao Zhan ကသတိမထားမိ။

Don't Bring My Brother Away  (Completed)Where stories live. Discover now