Episode-(10) Z+U

11.5K 1.4K 36
                                    

Zawgyi Version

August လ (5)ရက်​​နေ့...။Yibo ရဲ့​မွေး​နေ့...။

Yibo ပတ်​ဝန်းကျင်​မှာ​မွေး​နေ့တိုင်း​မိသားစုနဲ့ စုံစုံညီညီဖြတ်သန်း​ကြောင်းကြွားတတ်​တဲ့အဖြူ
ကောင်​​လေး​တွေရှိတယ်​။တစ်​နှစ်​တစ်​ခါသူတို့မွေး​နေ့​​တွေပြီးတိုင်းပုံမှန်​ကြားရတယ်​။

နား​ထောင်​ဖြစ်​တိုင်းလဲဘာမျှအ​ရေးကြီးတဲ့ကိစ္စ
မဟုတ်​သလိုမျက်​နှာ​သေနဲ့​နေနိုင်​ခဲ့​ပေမယ့်
ပါးနဲ့မားသာအတူရှိ​ပေးမယ်​ဆိုရင်​သူ့​မွေး​နေ့က
ဒီ​ကောင်​​တွေ​ပြောသလိုအရမ်း​ပျော်​စရာ​ကောင်း
မှာလားလို့​တွေးဖူးတယ်​...။

ဒါ​ကြောင့်​လဲအသက်​(11)နှစ်​ပြည့်​​မွေး​နေ့မှာ
တစ်​ခု​တောင်းဆိုခဲ့တယ်​။

မွေး​နေ့ပွဲကိုအတူဆင်​နွှဲ​ပေးဖို့...။

စိတ်​မလှုပ်​ရှားပါဘူးလို့​ပြောရင်​ကိုယ်​​ပေါ်မှာဝတ်
တဲ့အင်္ကျီအသစ်​​လေးနဲ့လက်​ထဲမှာကိုင်​ထားတဲ့ ထိပ်​ချွန်​ဦးထုပ်​အနီ​လေးကိုဟာသလုပ်​ရာ​ရောက်​ဦးမယ်​။

တကယ်​လဲပါးနဲ့မားက​ရောက်​လာ​ပေးခဲ့ပါတယ်​။

မျှော်​လင့်​ထားသလို​ပျော်​စရာ​ကောင်းတဲ့​မွေး​နေ့
ပွဲတစ်​ခုဖြစ်​မလာတာကလွဲရင်​​ပေါ့...။

"မင်းနဲ့ အဲ့ဒီ့​ကောင်​ကဘာလဲ Na Yuan...
နိုင်​ငံခြားခရီးစဉ်​က ဘာလို့အမြဲတူ​နေရတာလဲ..."

"စီးပွား​ရေးလုပ်​​နေတာ​လေ...business partner
က​တော့ရှိမှာ​ပေါ့..."

"business partner လား...sex partner လား..."

"​တောက်​!!!ရှင့်​စိတ်​နဲ့နှိုင်းပြီးမရိုင်းနဲ့​နော်​...
ရှင့်လိုမိန်းမတကာနဲ့ပတ်​ရှုပ်​ပြီး တရားမဝင်
သား​သမီး​တွေ အစုလိုက်​အပြုံလိုက်​ရှိ​နေတာ မဟုတ်​ဘူး..."

"ငါက ​ယောက်ျား​လေ...မင်းတို့မိန်း​မ​တွေနဲ့ တူမလား..."

"ဘာဆိုင်​လို့မတူရမှာလဲ...ဒီအိမ်​မှာ ရှင်​နဲ့တန်းတူ
ကျွန်​မလဲစီးပွားရှာ​နေတာပဲ...မတူဘူးဆိုတဲ့
စကားလာ​မ​ပြောနဲ့..."

Don't Bring My Brother Away  (Completed)Onde histórias criam vida. Descubra agora