Episode-(35) Z+U

12.3K 1.3K 232
                                    

Zawgyi Version

အပြင်လူတွေအမြင်မှာတော့အမြဲတစေ Xiao Zhan ကိုအနိုင်ကျင့်နှိပ်ကွပ်နေတာ Wang Yibo
လို့မြင်ကြမှာပဲ။နောက်ကွယ်ရောက်မှ Yibo
ဘယ်လိုတွေလှိမ့်ခံနေရတယ်ဆိုတာတော့
ကန့်လန်ကာနောက်မှတစ်စိတ်တစ်ပိုင်းပေါ့။

ခုလဲမအိပ်တာကြာပြီဖြစ်လို့ဖုန်တောင်တက်နိုင်ချေရှိတဲ့တစ်ဖက်ကုတင်ပေါ်ဟန်ကြီးတစ်ခွဲသားနဲ့ထိုင်ပြီး Harry Potter မျက်မှန်ဝိုင်းကြီးတပ်ရင်း
စာထိုင်ဖတ်နေသူကို Yibo ချော့ရပေဦးမည်။

လွန်ခဲ့တဲ့နာရီဝက်ကိုပြန်သွားရင်အကြောင်းစုံရှင်းလောက်မှာပါ။

Arthur နဲ့ by one ယှဉ်ခုတ်နေတဲ့ကစားပွဲမှာ
ငယ်ပြိုင်တွေပီပီသူမသာကိုယ်မသာဘယ်သူ့ဘယ်သူကမှအရှုံးပေးရန်လမ်းစမရှိလို့ညလုံးပေါက်ဆော့ရမဲ့ပွဲတွင်တစ်ယောက်သောသူကြောင့်အကြီးအကျယ်ကျဆုံးသွားတဲ့အချိန်ပေါ့။

အစကဘေးနားမှာဖက်ထုပ်ဝယ်လာတယ်ဆိုပြီး
ထိုင်ခွံ့နေလို့ပါးစပ်လေးဟပေးရင်းစားနေတာအကောင်း။ဘယ်ကဘယ်လိုထဖောက်တယ်
မသိ။မျက်နှာကိုအတင်းဆွဲယူပြီးနမ်းပစ်တဲ့အချိန်အောက်ကဖုန်းထဲ Defeat စာတန်းကထင်းလင်း နေအောင်ပေါ်သွားပြီ။

"အင့်...လွှတ်...လွှတ်ဆို...ဟာဗျာ...ရှုံးသွားပြီ..."

"ကောင်းတယ်...တမင်ရှုံးအောင်လုပ်တာ..."

"ဘာဆိုင်လို့လဲ...ခင်ဗျားဖင်ကို တုတ်နဲ့ထိုးနေလို့လား..."

"ဖင်ကိုတုတ်နဲ့ထိုးခံရတာမှဟုတ်ဦးမယ်...
ကိုယ့်ချစ်သူကကျောင်းက မောကြီးပန်းကြီး
ပြန်လာတယ်...ခဏနေလဲ ဒီဇိုင်းအပ်ထားတာတွေ တစ်ခုနှစ်ခုဆွဲပေးရဦးမယ်...အမောပြေအောင် မျက်နှာလေးဘာလေးပြမယ်မရှိဘူး...
ဝင်လာတည်းကတိုက်နေတဲ့ဟာ ခုထိကို
မပြီးနိုင်လို့ အမြင်ကပ်ပြီးလုပ်ပလိုက်တာ..."

စိတ်ကတိုလာတဲ့အချိန်မျက်စိထဲဘာမှမမြင်တော့ဘူး။နီးစပ်ရာလက်နဲ့စမ်းလို့ရသမျှခေါင်းအုံးတွေ
သုံးပြီးပိတ်ပတ်ရိုက်ပစ်တော့တာ။

"ကပ်ချင်ဦး...ကပ်ချင်ဦး...အဲ့မှာအမြင်ကပ်ချင်ဦး...Wang Yibo ကို ဒါမျိုးလာမစမ်းနဲ့...မရဘူး...
ခင်ဗျားထက်ဆယ်ဆ စိတ်ရှိတယ်..."

Don't Bring My Brother Away  (Completed)Onde histórias criam vida. Descubra agora