Episode-(2) Z+U

17.4K 2K 174
                                    

Zawgyi Version

အိမ်​နဲ့ဆယ့်ငါးမိနစ်လောက်ရထားစီးလိုက်ရင်ရောက်တဲ့နေရာမှာ Zu er တို့​ကျောင်း​တွေရှိ
တာဖြစ်သည်။

Zu er နဲ့​ကောကအသက်​လေးနှစ်​လောက်​တော့ကွာ​ပေမဲ့​ကျောင်းအတန်းမှာ​တော့သုံးနှစ်​ပဲကွာတယ်​။

မာမားနဲ့နိုင်ငံခြားလိုက်သွားပြီးဟိုမှာခဏနေ
လိုက်​သေး​ပေမဲ့လဲ​မွေးရပ်​မြေကိုပဲချစ်​တဲ့​ကောက
မ​နေနိုင်​ပဲပြန်​လာခဲ့ပုံပင်။အဲ့မှာဗီဇာကိစ္စတွေ၊ကျောင်းအပြောင်းအရွှေ့ကိစ္စ​တွေနဲ့တစ်​နှစ်​လောက်​ကြန့်​ကြာသွားတာဖြစ်​သည်​။

ဒါ​ကြောင့်​လဲ​ကျောင်းမပြီးနိုင်​သေးပဲအထက်​တန်း​နောက်​ဆုံးနှစ်​ကိုတက်​ရဦးမှာ။

ကျွန်​မနဲ့​ကောကို​ဘေကျင်းမှာ​ကျောင်းအတူတူ တက်​နိုင်​ဖို့ဆိုပြီးတိုက်​ခန်းအတူတူဝယ်​ပေးလိုက်​ရာက​နေကျွန်​မဘဝရဲ့အဆင်​မ​ပြေမှု​သေး​သေး
လေး​တွေအစပျိုးခဲ့သည်​။

တွေ့လား...​။

အဲ့လိုအကြည့်​တွေ​လဲပါတယ်​။ကောနဲ့ကျွန်​မကိုအတွဲ​တွေဆိုပြီးမနာလိုဝန်​တိုဖြစ်​နေသည့်​မျက်​နှာချင်းဆိုင်​က​ကျောင်းသူမိန်းက​လေး။

'ဒီမှာအမိ​ရေ...ဒါ ကျွန်​မအစ်​ကိုအရင်း​ခေါက်​ခေါက်​ပါ'လို့​တောင်​အော်​ပြောလိုက်​ချင်​တော့
သည်​။

"ဟူး..."

"ကော ညီမ​လေးကဘာ​တွေများ ပူပန်​စရာရှိလို့ သက်​ပြင်း​တွေ​တောင်​ချ​နေရတာလဲ..."

ကျွန်​မငယ်​ထိပ်​လေးကိုကိုင်​ပြီးခါရမ်းကာပြုံးပြ
လိုက်​သော Xiao Zhan ဆို​သော​ယောက်ျားမှာ (100)ရာခိုင်​နှုန်းပြည့်​စုံ​သော​ယောက်ျား​ကောင်း တစ်​ယောက်​ဖြစ်​သည်​။အကျင့်​စာရိတ္တကောင်း မွန်​၊ရုပ်​ရည်ကလဲ​ချော။ဒါ့အပြင်​အိမ်​မှုကိစ္စလဲနိုင်​နင်းတဲ့ယောက်ျား​လေးတစ်​ယောက်​ကိုဒီ​နေ့​ခေတ်​မှာရှာ​တွေ့ဖို့ခက်​ခဲသွားပြီမလား။

ပြီး​တော့ကျွန်​မအစ်​ကိုမို့လို့ဒီလို​ပြောတာမဟုတ်​ဘူး။ကောကတကယ်​ကိုရုပ်အဆင်းပါရမီထူးကဲ
လွန်းတာ။

Don't Bring My Brother Away  (Completed)Where stories live. Discover now