Zawgyi
တီတီ တီ တီ တီ တီ......
ဆူညံကျယ်လောင်စွာ မမောမပန်းအော်မြည်နေသော နှိုးစက်ကလေး ၏ အသံကိုမှ မထောက် xင်ထဲဆင်ဝင်လျှင်ပင်မနှိုးမည့်အိပ်ခြင်းမျိုးနှင့်အိပ်ပျော်နေသော လူတယောက် နားဝင်ဆိုးဖွယ်နှိုးစက်သံသည် အိပ်ခန်းအပြင်ဘက်ထိ ကြားနေရသော်လည်း အိပ်ခန်းထဲကလူမှာ နားကိုခေါင်းအုံးဖြင့်အုပ်ကာ အိပ်ကောင်းနေတုန်း.
Xiao သူဋ္ဌေးမနက်စာစားတာပင်မဖြောင့်တော့
သားတော်မောင်အိပ်ခန်းမှနှိုးစက်သည်သာ အသက်ရှိလျင် မျက်ရည်ဘူးသီးလုံးလောက်ကျပြီးအော်ငိုနေမှာသေချာသည်" မေ့အော် မင်းရဲ့သားကိုသွားနှိုးစမ်းပါ ငါ ကြာရင် နားကွဲပီးသေလိမ့်မယ် ဘယ်ဘဝတည်းက မအိပ်ရတာတွေအတိုးချအိပ်နေလဲမသိဘူး နှိုးစက်လဲသနားပါတယ် သွားနှိုးလိုက်ပါကွာ"
"အင်းပါ ကျမသွားနှိုးလိုက်ပါ့မယ် ရှင်ကလဲ သားလေးတယောက်တည်းရှိတာကို ငြိုငြင်ချင်တာလား "
"ဘယ်အချိန်ရှိနေပြီလဲ ခုထိ မင်းသားက မထသေးဘူးလေ ဒါလားကုမ္ပဏီပိုင်ရှင် ငါ့ကုမ္ပဏီတွေ ဒီကောင့်လက်ထက်ကျမှ ပျက်စီးကုန်ဦးမယ် အချိန်ကိုမလေးစားဘူး သွားနှိုးချည်"
"ဟုတ်ပါပြီ သွားနှိုးလိုက်ပါ့မယ် "
မေ့အော် သားတော်မောင်အခန်းထဲသို့ဝင်လာလိုက်သည်. မွေ့ယာပေါ်တွင်အေးချမ်းစွာအိပ်နေသောချစ်သားလေး xiao zhan အသက်ကသာ28နှစ် နုဖတ်နေတဲ့မျက်နှာလေးက 18နှစ်သားလေးလို တကယ့်ချစ်စရာယုန်ပေါက်လေး
ကျောင်းပြီးကတည်းက သူ့အဖေကုမ္ပဏီကိုဦးစီးနေတာကြောင့် ပိုမိုအောင်မြင်နေသော စီးပွားရေးလုပ်ငန်းရှင်ကြီးဖြစ်နေသည်
လူအများစုအမြင်မှာတော့ အေးစက်တည်ငြိမ်သော စီးပွားရေးလုပ်ငန်းရှင်ကြီးဖြစ်သော်လည်း မိဘများနှင့်သူငယ်ချင်းများကိုမူ သုံးနှစ်သားလေးလိုချွဲပိုလေးလုပ်တုန်း....သူ့အဖေကလဲ သူ့ကိုသိပ်ချစ်ရှာတာပါလေ သူသာအဲ့ကိစ္စကိုမဖြစ်ခဲ့ရင်ပေါ့
"သား zhan zhan ထတော့လေ 8နာရီတောင်ခွဲပီးသွားပီ ထတော့"
"....... "
YOU ARE READING
Because of him
FanfictionXiao Zhan..ကျနော်ကွေးခဲ့တာလဲ သူ့ကြောင့် ကျနော်ပြန်ဖြောင့်သွားတာလဲ သူ့ကြောင့် ကျနော်ပြန်ကွေးသွားတာလဲ သူ့ကြောင့်ပဲ Wang Yi Bo..ယုန်အဖိုးကြီးဖြောင့်ဖို့အရေး ငါ့အရေး( ငါပါကွေးသွားတာတော့မတတ်နိုင်ဘူး)