Zawgyi
တဆစ်ဆစ်ထိုးကိုက်နေတဲ့ခေါင်းကိုလက်ဖနောင့်နဲ့ဖိရင်း ရှောင်ကျန့်မျက်လုံးတွေကိုအားယူဖွင့်လိုက်တယ်။ ကျိန်းစက်နေတဲ့မျက်လုံးတွေကပွင့်သွားပေမဲ့ အမြင်အာရုံကတော့မသဲကွဲ လူလေးယောက်လောက်ကိုမြင်နေရပေမဲ့ blur effect ထည့်ထားသလို မျက်နှာတွေကိုမမြင်ရ။
ကမ္ဘာကြီးကဝါးနေရောပဲ။"ကိုကြီး သက်သာလား! "
နဖူးကိုလာစမ်းတဲ့လက်အထိအတွေ့နဲ့အတူ ဝိုးတဝါးမြင်နေရတဲ့ လူလေးယောက်ထဲကနေ ရှောင်ကျန့်ရင်းနှီးတဲ့အသံထွက်လာတယ်။ ဒါက ရီပေါ်ရဲ့အသံ။
ရှောင်ကျန့် မျက်လုံးကိုခဏပြန်ပိတ်ပြီးနောက်တစ်ကြိမ်အားယူဖွင့်ကြည့်လိုက်မှ မိမိကိုကြည့်နေတဲ့လူတွေကို ရှင်းရှင်းလင်းလင်းမြင်ရတော့တယ်။ ဒါမဲ့ ကျနော့်မျက်လုံးတွေက ရီပေါ့်ကိုပဲကွက်ကြည့်နေမိတာ ဘယ်လိုလုပ်ရပါ့။
"အင်း သက်သာပါတယ်"
ကုတင်ပေါ်မှီထိုင်ရင်း မိမိရောက်နေတဲ့နေရာကိုသေချာစူးစမ်းကြည့်သော်လည်း ဒါကရှောင်ကျန့်နဲ့ရင်းနှီးခဲ့တဲ့နေရာမဟုတ်ပါ။
"ကျောင်းကျန်းမာရေးဌာနကိုခေါ်လာတာ ကိုကြီးကရုတ်တရက်မူးလဲသွားလို့လေ! ဆရာဝန်ပြောတာတော့ စဉ်းစားတာများသွားလို့တဲ့"
"အော် ကျေးဇူး ညီ!"
ဒီကောင်လေးက ကိုကြီးလို့ခေါ်နေလို့သာ ညီလို့အလိုက်သင့်ပြန်ခေါ်ပေးလိုက်တာ ရှောင်ကျန့်ရဲ့နားထဲမှာတော့ ဒီနာမ်စားတွေကစည်းတခုခြားနေသလို။ အရင်လဲခေါ်ပြောနေကျကို ခုမှအထူးဆန်းခံစားနေရတာကလဲ ဘာကိုရည်ရွယ်နေမှန်းမသိ။
ရှောင်ကျန့်တို့စကားပြောနေတုန်း ရီပေါ့်နားထင်နားမှာကျနေတဲ့ဆံပင်စတွေကို သပ်တင်ပေးလိုက်တဲ့လက်တစ်စုံ။ ရှောင်ကျန့်ရဲ့အလိုမကျတဲ့အကြည့်တွေက ထိုလူစိမ်းဆီဒိုင်းခနဲ။
ခဲနက်ရောင်suit အပြည့်အစုံ ကို အောက်ခံ shirt အဖြူနဲ့ တွဲဖက်ဝတ်ဆင်ထားတဲ့ လူတစ်ယောက်။ ဂုတ်အထိရှည်နေတဲ့ဆံပင်နက်တွေနဲ့ ထိုလူက ရီပေါ့်လိုဖြူ ဥဥအသားအရည်မျိုးမဟုတ်။ ရှောင်ကျန့်လို အနည်းငယ်အညိုဘက်သွားသည့် အသားအရည်မျိုးဖြစ်သည်။
YOU ARE READING
Because of him
FanfictionXiao Zhan..ကျနော်ကွေးခဲ့တာလဲ သူ့ကြောင့် ကျနော်ပြန်ဖြောင့်သွားတာလဲ သူ့ကြောင့် ကျနော်ပြန်ကွေးသွားတာလဲ သူ့ကြောင့်ပဲ Wang Yi Bo..ယုန်အဖိုးကြီးဖြောင့်ဖို့အရေး ငါ့အရေး( ငါပါကွေးသွားတာတော့မတတ်နိုင်ဘူး)