Zawgyi
"ရိ ပေါ်... ရိ ပေါ်..."
နားထဲကို ဝင်လာတဲ့ခေါ်သံက ရင်းရင်းနှီးနှီးမို့ ရိပေါ်ရဲ့မျက်ခွံမို့မို့တို့က လှုပ်ခတ်လာတယ်။
ခေါ်သံကတိုးညှင်းလွန်းတာကြောင့် လေညှင်းသံလိုသာ။ရိပေါ်အိပ်ချင်မူးတူးနဲ့ မျက်လုံးဖွင့်ကြည့်လိုက်တော့ ကုတင်ဘေးဒူးထောက်ထိုင်နေတဲ့ ရှောင်ကျန့်။
ရှောင်ကျန့်က ကျနော့်အခန်းထဲဘယ်လိုရောက်လာတာလဲ။
"အင် ဘယ်လိုလုပ်!!"
"ရှူး တိုးတိုး မင်းအဖေနိုးသွားဦးမယ် "
ရုတ်တရက်လန့်သွားတာမို့ အသံကျယ်သွားတော့ ပါးစပ်ကိုလက်နဲ့လှမ်းအုပ်ရင်း တိုးတိုးနေဖို့ပြောလာတော့မှ ပါးပါးကိုခေါ်ပြီး ခိုးရာလိုက်လာတာရော ပင်ပန်းပြီးကားပေါ်မှာ အိပ်ပျော်သွားတာကိုပါ မှတ်မိတော့တယ်။
ခုလဲ ပါးပါးဘေးမှာအိပ်နေခဲ့ပုံပင်။ တစ်ကိုယ်လုံးကို ပါးပါးလက်တွေခြေတွေနဲ့ အခွခံထားရတာ လူက လှုပ်လို့ပင်မရ။
ရိပေါ် လေသံတိုးတိုးလေးနဲ့..
"ဘာ ပြော မ လို့ လဲ အိပ် ရေး မ ဝ သေး ဘူး"
"ကိုယ်နဲ့လိုက်ခဲ့ "
"ဟွန့် ခင်များကို ကျနော်စိတ်ကောက်နေတာလေ လိုက်စရာလား "
ပြောပြီး နှုတ်ခမ်းစူကာ ပြန်အိပ်ဖို့ပြင်နေတဲ့ရိပေါ်ကို အသဲယားလာ၍ လက်ကနေ ဆွဲထူလိုက်ပြီး နှုတ်ခမ်းထူထူလေးကို ဖျတ်ခနဲ လှမ်းနမ်းလိုက်တယ်။
"ကိုယ်နဲ့လိုက်ခဲ့ရင် ချော့မှာပေါ့ "
အသားယူလွန်းတဲ့လူသားကြောင့် ရိပေါ်ဟာ နှုတ်ခမ်းတွေတွန့်ကွေးမသွားအောင် မနည်းထိန်းလိုက်ရတယ်။
စိတ်မကောက်တတ်ပဲနဲ့ စိတ်ကောက်ချင်ဟန်ဆောင်နေရတဲ့ရိပေါ်အတွက် ခုလိုသရုပ်ဆောင်နေရတာအရမ်းကိုခက်လှသည်။ ကိုယ်က တစ်ခါမှ စိတ်မကောက်ဖူးလို့သာ ပျော်စရာကောင်းအောင် စိတ်ကောက်ကြည့်ရတာ ဘယ်လိုမှတော့ကီးမကိုက်။
"ချော့တာကအသာထားပါ ကျနော့်ကိုပါးပါးလက်ထဲရအောင်ထုတ်ကြည့်ဦး"
YOU ARE READING
Because of him
FanfictionXiao Zhan..ကျနော်ကွေးခဲ့တာလဲ သူ့ကြောင့် ကျနော်ပြန်ဖြောင့်သွားတာလဲ သူ့ကြောင့် ကျနော်ပြန်ကွေးသွားတာလဲ သူ့ကြောင့်ပဲ Wang Yi Bo..ယုန်အဖိုးကြီးဖြောင့်ဖို့အရေး ငါ့အရေး( ငါပါကွေးသွားတာတော့မတတ်နိုင်ဘူး)