Zawgyi
ကားပေါ်ရောက်ပြီးတာ မိနစ်နှစ်ဆယ်လောက်ရှိနေပြီ။ ဒါပေမဲ့ driver seat ပေါ်ကဝမ်ပါးပါးက စတီယာရင်ကိုကိုင်ပြီး ရီပေါ့်ကိုမျက်စောင်းခဲကြည့်နေတာ အခုထိကားမမောင်းရသေး။
ရီပေါ် အတတ်နိုင်ဆုံးပြုံးပြီး ပါးပါးကိုမေးလိုက်တယ်။
"ပါးပါး ဒီနေ့အိမ်ပြန်ဖြစ်မှာလား?"
ဘာကိုပြောချင်မှန်းမသိတဲ့ပါးပါးက ရီပေါ့်နောက်ကိုမျက်လုံးဝင့်ပြလာတယ်။ရီပေါ်လဲ ပါးပါးမျက်လုံးဝင့်ပြတဲ့နေရာကိုလိုက်ကြည့်တာပေါ့။
"အော် ပါးပါးကားလဲထားတာလား ခုမှတွေ့တယ်"
"ငါပြောတာအဲ့ဒါမဟုတ်ဘူးကွ"
အံကြိတ်သံပီပီကြီးထွက်လာတဲ့ပါးပါးက လက်မလျှော့ပဲ နောက်တကြိမ်မျက်လုံးဝင့်ပြတယ်။
ရီပေါ်လဲနောက်တကြိမ်ပြန်လှည့်ကြည့်တယ်။ခါးပတ်ကြိုးနဲ့ ပြတင်းပေါက်ပဲတွေ့တယ်လေ။အဲ့တာက ဘာထူးဆန်းလို့။ထင်တာတော့ ငါ့မျက်နှာကိုမကြည့်ချင်လို့ ပြတင်းပေါက်ဘက်လှည့်နေခိုင်းတာနေမယ်။
ရီပေါ်ပါးပါးရဲ့မျက်စောင်းခဲတာကြီးကို ဇက်လေးပုပြီးမသိချင်ယောင်ဆောင်လို့ ကားပြတင်းပေါက်ဘက်ကိုငေးကြည့်နေလိုက်တယ်။"ဝမ် ရိ ပေါ်!!!"
ဒီပါးပါးတစ်ယောက်နဲ့တော့ စိတ်တွေညစ်လိုက်တာ!
ဘာပြောချင်တာလဲဆိုတာ နားလည်အောင်ပြောလေ။ ပါးစပ်ထဲကလေတွေက ဝါးစားဖို့ထားတာမှမဟုတ်တာကို။တကတည်း စိတ်တိုတိုနဲ့ နာမည်တစ်ခါခေါ်ရင်တစ်သောင်းလို့ပြောလိုက်ရ။
"ဒီမယ် ဗိုက်ပူဝမ်! ကိုယ့်သားကိုယ်မမြင်ဖူးဘူးလား ကြည့်နေတာမပြီးတော့ဘူး ပြောချင်တာရှိရင်လဲပါးစပ်ကပြောလေ ပါးပါးသားက အဲ့လောက်လူရိပ်လူကဲမကြည့်တတ်ဘူးဗျ "
နဖူးကိုစိတ်ရှုပ်သလိုကုတ်ရင်း ပြောမိတော့မှ ပါးပါးက လက်ညိုးတထိုးထိုးနဲ့ စကားစပြောတော့သည်။
" ဝမ်ရိပေါ်! ? မင်း! ငါပြောမယ်"
"ပြောကြည့်လေ ရင်ထဲပေါ့သွားတာပေါ့ ဟဲဟဲ"
YOU ARE READING
Because of him
FanfictionXiao Zhan..ကျနော်ကွေးခဲ့တာလဲ သူ့ကြောင့် ကျနော်ပြန်ဖြောင့်သွားတာလဲ သူ့ကြောင့် ကျနော်ပြန်ကွေးသွားတာလဲ သူ့ကြောင့်ပဲ Wang Yi Bo..ယုန်အဖိုးကြီးဖြောင့်ဖို့အရေး ငါ့အရေး( ငါပါကွေးသွားတာတော့မတတ်နိုင်ဘူး)