Zawgyi
မနေ့ကညက တော်တော်ပင်ပန်းသွားတော့ ရိပေါ်ခမျာ အိပ်ရာနိုးနေသော်လည်း လှုပ်ပင်မလှုပ်နိုင်။ လူက မွေ့ယာပေါ် ကားယားကြီး မရှုမလှ ဂိနေတော့သည်။
မျက်လုံးလေးဖွင့်နိုင်သော်လည်း လက်တွေခြေတွေက မြှောက်လို့မရ။ ဪ ဆိုင်ကယ်ဆယ်စီး ဆိုင်ကယ်ဆယ်စီး။ သားတော်မောင် ဆယ်စီးအတွက် အဖေကြီးက ဂျုံးဂျုံးကျနေပြီ။
တစ်ကိုယ်လုံးကို ဖျာနဲ့ပတ်ပြီး တုတ်နဲ့ရိုက်နှက်ထားသလိုပင် ကိုက်ခဲနေရတာကြီးက တော်တော်ကိုဒေါသထွက်စရာ။ ဖုန်းထဲက alarm ကလဲ မြည်နေတာကြာလှပြီဖြစ်တာကြောင့် ရီပေါ်မျက်နှာမဲ့ရင်း ထဖို့ပြင်လိုက်တယ်။
တဘန်းတည်းဘန်းနေတဲ့ bigbang အဖွဲ့ကိုလည်း အားနာရသေး။ ကိုယ့်idol G-dragon ခမျာလည်း ဒီလောက်ဆိုနေရတာ မောရောပေါ့။
"အ မေမေရေ! "
မွေ့ယာပေါ်လက်တဖက်နဲ့ထောက်လျက်အားယူရင်း ထလိုက်ပေမဲ့ တင်းရင်းနေတဲ့လက်မောင်းကြွက်သားတွေက အမေတရအောင်ပင် နာကျင်လှပါသည်။
ရှောင်ကျန့်! Baka!
ဘာမှန်းမသိတဲ့ပညာတော်တွေဆည်းပူးရင်း နေသားကျလာတဲ့ဒေသက စကားတွေကလဲ ပါးစပ်ထဲမှာတော့စွဲနေသား။
ဂျပန်စကားကို *အိုဟိုင်းရော* နဲ့ *ဆာယိုနာရာ* နှစ်လုံးကိုသာ ကျွမ်းကျင်ပိုင်နိုင်စွာပြောနိုင်တဲ့ ရိပေါ်က baka(အရူး)ဆိုတာကိုတော့ မိခင်ဘာသာစကားလိုပင် သောက်ရမ်းကျွမ်းသည်။
မှန်တင်ခုံပေါ်က ဖုန်းထဲတွင် GD တို့က ဘန်းနေတုန်းဖြစ်၍ လက်ကနာတာကိုမသိချင်ယောင်ဆောင်ပြီး လက်လှမ်းမိတော့ ကျောပြင်ကပါအောင့်ပြီး ပေါင်တွေပါတောင့်လာ၍ လူကအိပ်ရာပေါ်ပြန်ကျသည်။
"အား! ရှောင်ကျန့် စောင်အဖိုးကြီး ရေ !
လက်ခလယ်ပဲဟေ့ လက်ခလယ်ပဲ!
သိလား?"သူ့တိုက်မှာနေပြီး သူ့ကိုအော်ဆဲနေတာ ဝမ်ရိပေါ်တို့တော့ ကွိုင်အကြီးကြီးရှာနေပြီလို့ မထင်လိုက်ပါနဲ့။ ပါးနပ်တဲ့ရိပေါ်က ညတည်းက အဲ့လူ့ကောက်ကွေးနဲ့အဝေးဆုံးအခန်းကိုရွေးထားတာ။
မကျေနပ်တာမှန်သမျှစိတ်ကြိုက်အော်ဆဲလို့ရတယ်။
YOU ARE READING
Because of him
FanfictionXiao Zhan..ကျနော်ကွေးခဲ့တာလဲ သူ့ကြောင့် ကျနော်ပြန်ဖြောင့်သွားတာလဲ သူ့ကြောင့် ကျနော်ပြန်ကွေးသွားတာလဲ သူ့ကြောင့်ပဲ Wang Yi Bo..ယုန်အဖိုးကြီးဖြောင့်ဖို့အရေး ငါ့အရေး( ငါပါကွေးသွားတာတော့မတတ်နိုင်ဘူး)