Zawgyi
"အဖြေတောင်းရင် ဘောကိုပါပေးမယ်လို့ပြောချင်တာလား?"
စနောက်နေပုံမဟုတ်ပဲ တကယ်အတည်ကြီးမေးလာတဲ့ရှောင်ကျန့်။
အော် ဒီအဖိုးကြီးကတော့! သူ့ကိုယ်သူ shopping ထွက်တယ်များထင်နေလားမသိဘူး။ buy 1 get 1 တွေလိုချင်နေတာ။
အဖြေလဲပေးရမယ်ေ-ာလဲပေးရမယ် !!!
ငါ့လခွီးတဲ့မှ တွေးရင်းနဲ့ ကြက်သီးတောင်ထတယ်။
သို့ပေမဲ့ ရီပေါ် အထိတ်တလန့်ဖြစ်နေတဲ့ပုံကို ဖုံးကွယ်ဖို့ရာ မျက်နှာကိုတင်းနိုင်သမျှတင်းထားလိုက်တယ်။ အင်းလေ ကြုံလာတဲ့ပြသနာကနေ အကျိုးအမြတ် ရှာလို့ရတာပဲ။
သူတောင်မျက်နှာပြောင်တိုက်ပီးမေးရဲသေးတာပဲ ငါကဘာလို့ထိန်းနေရဦးမှာလဲ။
"နိုးလေေ-ာပါလိုချင်နေရင်တော့ ဈေးနှုန်းကပိုကြီးသွားမှာပေါ့! "
အတုံ့အဆိုင်းမရှိဖြေလာတဲ့ကောင်လေးကြောင့် ရှောင်ကျန့်သဘောတကျရယ်လိုက်မိတယ်။ ဝမ်ရိပေါ် ပီသပါပေတယ်။
ကားစက်ကိုပြန်နှိုးရင်းပင် ပြုံးစိစိဖြစ်နေတာလဲ ဒုက္ခတစ်မျိုး။
"ဟုတ်လား ကြိုက်တဲ့ဈေးခေါ်လေ! ကိုယ်က ကလေးကစားစရာတွေသဘောကျပါတယ် "
ရီပေါ့်မျက်စောင်းက ကားမောင်းရင်းရယ်နေတဲ့လူဆီဒိုင်းခနဲ။
အောင်မာ ငါ့များ ကလေးကစားစရာတဲ့။ ဗြုန်းဆိုင်းဆို ချွတ်ပြလိုက်ရ။
မြင်သွားမှာစိုးလို့နော်။"နေပါဦး ခင်များက တကယ်ကြီး ကျနော့်ဆီကအဖြေလိုချင်နေတာလား"
ဒါတော့ ငါတကယ်သိချင်တယ်ရော်။ ငါတို့ချင်းသိတာမှ သုံးရက်လောက်ပဲရှိတာလေ။ ဒီလောက်အမြန်ကြီး ငါ့ကိုသဘောကျတာ ထူးဆန်းနေတယ်မဟုတ်ဘူးလား။
အာ တကယ်တော့ အရမ်းလဲမထူးဆန်းပါဘူး။ ငါ့ရူပါကလဲ ပစ်ကြွေချင်စရာ သောက်ချောကြီးပဲဟာ။
"ကိုယ်ကနှလုံးသားရေးရာနဲ့ပတ်သက်ရင် မနောက်တတ်ပါဘူး ကိုယ်တကယ်မင်းဆီကအဖြေလိုချင်တာ"
အဖြေလိုချင်တာသေချာနေပြီဆိုတော့ ရှောင်ကျန့်ကငါ့ကိုချစ်လို့လား။ kento က အဖြေတောင်းတယ်ဆိုတာ ငါ့ကိုချစ်လို့တဲ့လေ။ သူကိုယ်တိုင်ကလဲ အဖြေမတောင်းခင် ငါ့ကိုချစ်တယ်လို့ပြောပြီးမှတောင်းတာ။ ဒါမဲ့ ဒီလူကျ ငါ့ကိုချစ်တယ်လဲမပြောဘူး။
YOU ARE READING
Because of him
FanfictionXiao Zhan..ကျနော်ကွေးခဲ့တာလဲ သူ့ကြောင့် ကျနော်ပြန်ဖြောင့်သွားတာလဲ သူ့ကြောင့် ကျနော်ပြန်ကွေးသွားတာလဲ သူ့ကြောင့်ပဲ Wang Yi Bo..ယုန်အဖိုးကြီးဖြောင့်ဖို့အရေး ငါ့အရေး( ငါပါကွေးသွားတာတော့မတတ်နိုင်ဘူး)