Zawgyi
ရှောင်ကျန့်လက်ထဲကလွတ်တာနဲ့ ကားဆီပြေးသွားတဲ့ ရိပေါ်က အလိုက်ကန်းဆိုးမသိ ကားနောက်ခန်းထဲကိုတန်းနေအောင် ဝင်သွားတယ်။
Date လုပ်ဖို့ကို လူပိုခေါ်လာရုံတင် အားမရသေးဘူး ။ ကိုယ့်ဘဲနဲ့မထိုင်ပဲ အမေကျော်ဒွေးတော်လွမ်းပြီး နောက်ခန်းသွားထိုင်ပြန်ပြီ။
ရှောင်ကျန့်တစ်ယောက် driver seat မှာဝင်ထိုင်ပြီးတာနဲ့ ကားတံခါးကို ဂျိန်းခနဲ အသံကျယ်ကြီးမြည်အောင် ပိတ်ပေးလိုက်တယ်။
ဝမ်ချစ်တီးစုတ် ဘယ်လောက်တောင်အလိုက်မသိပုံများ ဒီလောက်ဆန္ဒပြသံကြီးကို မကြားပဲ သူ့သူငယ်ချင်းဆိုတဲ့ကောင်နဲ့ ဖုန်းကိုခေါင်းချင်းဆိုင်ကြည့်ပြီး ဟီလာထနေလေရဲ့။
ကျန်တာတွေမသိချင်ယောင်ဆောင်ပေးလို့ရတယ် ဒါမျိုးတော့ ရှောင်ကျန့်ကိုလာလုပ်လို့မရဘူး။
ကားပြင်ကိုပြန်ထွက် တစ်စက္ကန့်မခြား ကားထဲပြန်ဝင်ပြီး ခုနကထက် သုံးဆ ပိုအားထည့်လို့ ဂျိန်းခနဲထပ်ပိတ်လိုက်တယ်။
ဒီတစ်ခေါက်ကတော့ မဆိုးဘူးပြောရမယ် ။ ဟိုသကောင့်သားလေးက ဖုန်းအကြည့်မပျက်သေးပေမဲ့ သူ့သူငယ်ချင်းဆိုတဲ့ကောင်လေးကတော့ လှည့်ကြည့်လာတယ်။
အရိပ်ပြရင် အကောင်မြင်လိုက်စမ်းပါ ကောင်လေးရာ။
အတွဲတွေရဲ့အထာကိုနပ်နေတဲ့ကျိုးချန်တစ်ယောက် အပီအပြင်အရောက်ပို့ဖို့ ပြင်လိုက်တယ် ။ ဘဲကြီးကရိုချင်ရှာမှာပေါ့ ။
"ဝမ်ရိပေါ်! "
"ဟေ "
ခွေးကောင်က ပြန်သာထူးတာ ဖုန်းကအကြည့်မခွာဘူး။ ငါနရင်းပိတ်အုပ်ထည့်လိုက်ရ..
"ရှေ့ခန်းမှာ သွားထိုင်ပါလား "
"ဘာလို့လဲကွ... ဒါ မင်းကားမို့လား ဟိုထိုင်ခိုင်း ဒီထိုင်ခိုင်း လုပ်နေရအောင် ငါထိုင်ချင်တဲ့နေရာထိုင်မှာပေါ့"
တယ်! ဒီ သေချင်းဆိုးလေး!...
အတွေးထက် လက်က မြန်တော့ ဝမ်ရိပေါ်ရဲ့နောက်စေ့ကိုပိတ်ရိုက်ပြီးသွားပြီ
YOU ARE READING
Because of him
FanfictionXiao Zhan..ကျနော်ကွေးခဲ့တာလဲ သူ့ကြောင့် ကျနော်ပြန်ဖြောင့်သွားတာလဲ သူ့ကြောင့် ကျနော်ပြန်ကွေးသွားတာလဲ သူ့ကြောင့်ပဲ Wang Yi Bo..ယုန်အဖိုးကြီးဖြောင့်ဖို့အရေး ငါ့အရေး( ငါပါကွေးသွားတာတော့မတတ်နိုင်ဘူး)