Zawgyi
"ဟေ့ကောင် အဲ့ထိုင်ခုံကြီးဘယ်ကယူလာတာလဲ "
စတီးထိုင်ခုံကို ခြေထောက်နှစ်ခုကနေကိုင်ပြီး ဂုတ်ပေါ်ထမ်းကာ အိမ်ထဲ ဝင်လာတဲ့ရီပေါ်ကို မြင်တော့ သတင်းစာဖတ်နေတဲ့ဝမ်ပါးပါးက အနားရောက်လာပြီးမေးတယ်။ ဝမ်ရိပေါ်လိုလူမျိုးက ဝယ်လာတာတော့ လုံးဝမဖြစ်နိုင်ဘူး။
"ဟိုလူ့ကုမ္ပဏီကနေ မလာတာ "
ဖိနပ်ကိုချွတ်ထုတ်လိုက်ပြီး အိမ်ထဲကိုဝင်လိုက်တယ်။ အထဲရောက်တာနဲ့ ထိုင်ခုံကိုပစ်ချလိုက်ပြီး ကိုယ်ပါဝင်ထိုင်လိုက်တော့ ပါးပါးက ရေတခွက်ငှဲ့ပေးရင်း သူပါဆိုဖာမှာပြန်ထိုင်နေတယ်။ ထိုင်ခုံကအရမ်းကြီးမလေးပေမဲ့ ဆိုင်ကယ်ဂိုဒေါင်ကနေ အိမ်ဝထိအတန်ဝေးတာမို့ ချွေးတွေရွှဲနေတာတော့အမှန်။
"မင်း လုပ်လာပြန်ပြီလား! ငါ့မိတ်ဆွေသားကိုတော့ မင်းအကျင့်တွေထုတ်မပြပါနဲ့ကွာ ငါမျက်နှာပျက်ရဦးမယ်"
အကြောင်းသိသူပီပီ ဝမ်ပါးပါးက စိတ်ပျက်ဟန်နဲ့ပြောသည်။ ရီပေါ်ကတော့ မျက်လုံးဝေ့ဝဲရင်းသာ ဟိုကြည့်ဒီကြည့်။
" ပါးပါးကလဲ ကျနော် သူ့ကိုဖင်တင်ခတောင်းတယ်လေ သူက ဖင်တင်ခတော့မရဘူး လိုချင်ရင်ထိုင်ခုံသယ်သွားဆိုလို့ တန်ရာတန်ကြေးယူလာတာ"
ဝမ်ပါးပါးတယောက် ထိုင်ခုံပေါ်ကနေတလှုပ်လှုပ်နဲ့ရန်တွေ့နေတဲ့ သားဖြစ်သူကို ခေါင်းကိုနာနာခေါက်ပစ်လိုက်ချင်သည်။ နေရာတကာ ကြေးစားလုပ်နေတာ မသိရင် သူ့အဖေက မကျွေးမပေးဘဲနေတဲ့အတိုင်း။
"မင်းဘာလို့အဲ့လောက်ကြေးစားလုပ်ချင်နေရတာလဲ ငါမင်းကိုလိုတာမှန်သမျှ ဖြည့်ဆည်းပေးနေတာပဲကို"
"ပါးပါးရာ ကြေးစားလို့မခေါ်ပါနဲ့ ငွေကြေးကိုမြတ်နိုးတဲ့လူလို့ခေါ်ပါ ပါးပါး အခုခေတ်မှာ ကျနော့်လိုသားမျိုးရတာ ဂုဏ်တောင်ယူရမှာနော် "
မဆီမဆိုင် သူ့ကိုသားတော်ရတာတောင် ဂုဏ်ယူရမယ်ရှိသေး။
ဘယ်နေရာတွေမှာ သုံးစားလို့ရနေလို့ ငါကဂုဏ်ယူရမှာလဲ။ တနေ့တနေ့ အသေကောင်လိုအိပ်မယ် အိပ်ရာကနိုးရင် စားမယ် စားပြီးရင်ဖုန်းသုံးမယ် ။ ဖုန်းသုံးပြီးရင် ပြန်အိပ်တယ် အိပ်ပြီးနိုးရင် ထပ်စားမယ် ဖုန်းပြန်သုံးတယ်။ ဒါနဲ့တင် သံသရာလည်နေတာ။
YOU ARE READING
Because of him
FanfictionXiao Zhan..ကျနော်ကွေးခဲ့တာလဲ သူ့ကြောင့် ကျနော်ပြန်ဖြောင့်သွားတာလဲ သူ့ကြောင့် ကျနော်ပြန်ကွေးသွားတာလဲ သူ့ကြောင့်ပဲ Wang Yi Bo..ယုန်အဖိုးကြီးဖြောင့်ဖို့အရေး ငါ့အရေး( ငါပါကွေးသွားတာတော့မတတ်နိုင်ဘူး)