Zawgyi
Final part
ဒုန်း!ခလွမ်!
ဘုန်း!
အောက်ထပ်က ပစ္စည်းကျကွဲသံတွေက အပေါ်ထပ်ရှိဝမ်ပါးပါးအခန်းထဲထိ ထိုးဖောက်ကြားနေရသဖြင့် ဝမ်ရိလုံနားထဲထိုးထည့်ထားတဲ့ဂွမ်းတွေဆွဲထုတ်လိုက်တယ်။ လေးလံစွာထထိုင်ရင်းပင် နာရီကိုယူကြည့်မိတော့ အခုမှ ဝေလီဝေလင်း မနက် ၄ နာရီသာရှိသေးသည်။
ဘာတွေဖြစ်နေတာလဲ လို့ တွေးကြည့်စရာမလိုအောင် ထိုအသံတွေလာရာဋ္ဌာနက သားတော်မောင်တို့အိပ်ခန်းဆီမှ။
ငါတော့ ဒီစုံတွဲကြောင့် အသက်တိုမှာပဲ။ တနေ့တနေ့ ကျိုးလိုက်ရတဲ့ကုတင် !
ပြဲလိုက်ရတဲ့ လိုက်ကာ!
ကွဲလိုက်ရတဲ့ပန်းအိုး!
မင်္ဂလာဦးပစ္စည်းတွေလဲ 1နှစ်အတွင်းမှာ ဘာတစ်ခုမှကို အကောင်းမရှိတော့ဘူး။မဖြစ်သေးပါဘူး ငါ့အိမ်မပြိုခင်သွားတားအုံးမှပါ။ တော်ကြာ ငါ့မိန်းမနောက်ဆုံးခေါင်းချသွားတဲ့အိမ်လေးပါ ဇောက်ထိုးမိုးမျှော်ဖြစ်ကုန်ရင်ဒုက္ခ။
ဝမ်ပါးပါးတစ်ယောက် ကိုယ်ပေါ်ကစောင်ကိုဆွဲလှန်လို့ အောက်ထပ်ဆီအပြေးဆင်းသွားတယ်။ ရွှေကိုင်းနဲ့ပါဝါမျက်မှန်ကလဲမတပ်မဖြစ်။
အခန်းနဲ့နီးလေ အသံတွေက ပိုကျယ်လေ!
တောက်! ဒီနှစ်ကောင် နေ့တိုင်းသောင်းကျန်းချက်!.အမြန်သွားပြီး အခန်းတံခါးကိုဖွင့်လိုက်တော့ မိမိသားက ကုတင်ပေါ်က သားမက်လေးရဲ့ကိုယ်ပေါ်မှာခွရက်ကြီး!နှစ်ယောက်လုံးရဲ့အင်္ကျီတွေလဲပြဲစုတ်နေပြီ။ဆံပင်တွေကလဲရှုပ်ပွလို့!
"ဟင် ပါးပါး "
"အဖေကဘယ်လိုလုပ်!"
ပြူးကြောင်ကြောင်မေးလာတဲ့ နှစ်ယောက်ကို စိတ်လေမိတာမို့ ဝမ်ပါးပါး အံကိုကြိတ်ရင်း မျက်မှောင်ကျုံ့လိုက်မိတော့တယ်။
ထင်တဲ့အတိုင်းပဲ ဒီနှစ်ယောက် ရန်ဖြစ်ပြန်ပြီ!
"နှစ်ယောက်စလုံး ဧည့်ခန်းဆီလာခဲ့ကြ!"
တစ်ချက်လွှတ်အမိန့်ကိုလေသံမာမာနဲ့ပြောသွားတဲ့ ဝမ်ပါးပါးအနောက် ရိပေါ်ရော ရှောင်ကျန့်ရော အင်တင်တင်နဲ့လိုက်သွားတယ်။ လူတွေကသာ ငြိမ်ကုပ်နေပေမဲ့ ပါးစပ်တွေကတော့အငြိမ်မနေ ပွစိပွစိ။
YOU ARE READING
Because of him
FanfictionXiao Zhan..ကျနော်ကွေးခဲ့တာလဲ သူ့ကြောင့် ကျနော်ပြန်ဖြောင့်သွားတာလဲ သူ့ကြောင့် ကျနော်ပြန်ကွေးသွားတာလဲ သူ့ကြောင့်ပဲ Wang Yi Bo..ယုန်အဖိုးကြီးဖြောင့်ဖို့အရေး ငါ့အရေး( ငါပါကွေးသွားတာတော့မတတ်နိုင်ဘူး)