13

6.4K 619 40
                                    

Zawgyi

ဘဏ်အကောင့်လေးတစ်ခုထံ ၃၆မိနစ်ကြာအကြင်နာတစ်ခုအတွက် သိန်း၃၆၀၀ကိုအတိအကျလွှဲပေးပြီး ရှောင်ကျန့် မွေ့ယာပေါ် ပစ်လှဲချလိုက်တယ်

ဪ အကြင်နာ အကြင်နာ သိန်း၃၆၀၀တန် အကြင်နာ! !

ကိုယ်တိုင်သိမ်းပိုက်ခဲ့တဲ့ နှုတ်ခမ်းဖူးဖူးလေးကို ပြန်တွေးမိတဲ့နောက် နူးညံ့တဲ့အထိအတွေ့တွေကိုပါ အလိုလိုသတိရလာတယ်

နူးညံ့အိစက်နေမှုက ဘာနဲ့နှိုင်းရမှန်းကိုမသိတာ !

ခံတွင်းသန့်ဆေးအနံ့တွေအစားရလာတဲ့ ကိုးလ်ဂိတ် သွားတိုက်ဆေးအနံ့ကလဲ ရင်ထဲစွဲစရာပါပဲ!

အငြိမ်မနေတဲ့လျှာနွေးနွေးလေးကလဲ ရင်ထဲမှာကလိကလိနဲ့

ခြုံငုံပြောရရင် ချစ်တီးစုတ်ရဲ့နှုတ်ခမ်းကလေ ပါးစပ်ကထွက်​နေကျ အဆဲပေါင်းစုံနဲ့မှမလိုက် တော်တော်ကိုနမ်းလို့ကောင်းတာ!

နမ်းလို့လဲကောင်းသင့်ပါတယ်လေ တန်ကြေးကနည်းတာမှမဟုတ်တာ သိန်း၃၆၀၀တောင် ! ! !

ဘယ်လိုပဲဖြစ်နေပါစေ ထိုပိုက်ဆံတွေကိုနှမြောမနေတာတော့ အမှန်တရားပင်!

ကျနော် အရင်တည်းကချစ်ခဲ့တဲ့ကလေးလေးက ရိပေါ်ပဲတဲ့
စစသိချင်းကဆို ထခုန်မတတ်ပျော်ခဲ့မိတာ

ပထမတော့ လုပ်ကြံတဲ့တရားခံကိုပဲရှာခဲ့ပေမဲ့ တကယ်သိလိုက်ရတော့ ပျောက်ဆုံးနေတဲ့ အချစ်ဦးကိုပါ ပြန်ရှာတွေ့လိုက်ရတာပဲ

အတိတ်တွေကိုမမှတ်မိလို့ ရိ​ပေါ်ကိုမသိခဲ့ပေမဲ့ ကျနော့်နှလုံးသားကတော့ မမေ့ခဲ့ဘူးထင်ပါရဲ့

"သား မအိပ်သေးပဲ ဘာတွေပြုံးနေတာလဲ မနက်ကျကုမ္ပဏီသွားရမယ်မလား "

နွားနို့ခွက်လာသိမ်းနေကျမားမားက ရှောင်ကျန့်ရဲ့ပျားရည်လိုမျက်နှာကို အထူးဆန်းလို ကြည့်လို့ပြောလာတယ်

"ဟယ် နွားနို့တွေလဲမသောက်ရသေးဘူးကိုး ပြောစမ်း ဘာအကြောင်းတွေးနေလို့ ဒီလောက်တောင်ပြုံးနေရတာလဲ?"

တစ်ဝက်မကျိုးသေးတဲ့ နွားနို့ခွက်ကိုကြည့်ကာ တစ်ယောက်တည်း ရေရွတ်ရင်း မွေ့ယာပေါ်ကန့်လန့်အိပ်နေတဲ့ ​ရှောင်ကျန့်ရဲ့ ခေါင်းကို သူ့ပေါင်ပေါ်တင်စေလို့ မားမားက မေးခွန်းထုတ်လာပါတယ်။

Because of himWhere stories live. Discover now