Zawgyi
ချိန်းထားတဲ့အချိန်ရောက်နေတာတောင် ခုထိရောက်မလာသေးသော မိန်းကလေးကြောင့် ရှောင်ကျန့်နာရီကိုကြည့်ရင်း စိတ်ပျက်နေမိသည်။
အစတည်း လာကိုမလာချင်ပါဘူးဆို အဖေအတင်းလွှတ်လိုက်လို့ လာနေရတာ။ ကျနော်လို လုပ်ငန်းရှင်တယောက်ကတောင် အလုပ်ကိစ္စတွေရှိတဲ့ကြားကအချိန်အတိအကျရောက်လာတဲ့ဟာကို ဘာလို့သူမကအခုထိမလာသေးတာလဲ။အရင်ကောင်မလေးတွေနဲ့များကွာပ။
စားပွဲပေါ်ကကော်ဖီလက်ကျန်ကိုမော့သောက်လိုက်ပြီး စားပွဲထိုးလေးကိုခေါ်လိုက်တော့သည်။အချိန်မလေးစားတဲ့အပြစ်နဲ့ငြင်းလိုက်တာလို့ အဖေ့ကိုပြန်ပြောလို့ရပြီ။အင်း ဒါအယောက်တစ်ရာမြောက်အငြင်းခံရတဲ့မိန်းကလေးပဲ။
ကျသင့်ငွေကိုရှင်းပြီး စားပွဲကထမည်အလုပ်...
"အိုက်ယိုး....မောတာ....ရေ...ရေတိုက်ပါ..."
ရှောင်ကျန့်စားပွဲဆီဝရုန်းသုန်းကား ပြေးလာတဲ့ကောင်မလေးကြောင့် ရေခွက်ထဲကရေတခွက်အမြန်ခပ်ပေးလိုက်သည်။
ရွှေအိုရောင်ဆံပင်ဂုတ်ထောက်လေးနဲ့ တီရှပ်အင်္ကျီအပွနဲ့jjဘောင်းဘီအပွကြီးကိုသာဝတ်ထားတဲ့ကောင်မလေးဟာ ရေကိုအမောတကောသောက်နေတယ်။
မျက်နှာမှာ မိတ်ကပ်မပါဘဲ နှုတ်ခမ်းနီရဲရဲတခုတည်းကိုပဲဆိုးထားသေးတယ်။ရေသောက်တာလဲ အပေါ်တဝက်အောက်တဝက်ဖိတ်စင်လို့။
ကျစ် ဘယ်လိုမိန်းကလေးလဲ။ဒါကတော့ အဖေတွေ့ခိုင်းတဲ့ကောင်မလေးမဟုတ်လောက်ပါဘူး။ဒီလိုဗရုတ်သုတ်ခ ကောင်မလေးမျိုးကို အဖေကငါ့အတွက်စီစဉ်ပေးစရာလား။
ကိုယ့်အတွေးနဲ့ကိုယ် ထသွားဖို့အလုပ်...။
"အဟွတ် ခင်များ...ဘယ်သွားမလို့လဲ..."
ရေသောက်ရာကနေ မျက်လုံးဝင့်ပြီးမေးလာတဲ့ကောင်မလေးကြောင့် မျက်မှောင်ကျုံ့ကာပြန်ကြည့်လိုက်တယ်။
ငါ့ကိုဘယ်လိုခေါ်လိုက်တာ။ခင်များ ဟုတ်လား။ဘယ်လို မိန်းကလေးလဲ ။ သူနဲ့မသိတဲ့လူတယောက်ကိုဘယ်လိုတွေခေါ်နေတာလဲ။
YOU ARE READING
Because of him
FanfictionXiao Zhan..ကျနော်ကွေးခဲ့တာလဲ သူ့ကြောင့် ကျနော်ပြန်ဖြောင့်သွားတာလဲ သူ့ကြောင့် ကျနော်ပြန်ကွေးသွားတာလဲ သူ့ကြောင့်ပဲ Wang Yi Bo..ယုန်အဖိုးကြီးဖြောင့်ဖို့အရေး ငါ့အရေး( ငါပါကွေးသွားတာတော့မတတ်နိုင်ဘူး)