Zawgyi
အဝတ်အစားသေချာလဲပြီးတာနဲ့ kento ရေမွှေးကိုနောက်တစ်ခေါက်ထပ်စွတ်လိုက်တယ်။ အင်္ကျီတခုလုံးလဲ ရေမွှေးနံ့ကိုထောင်းနေရော။
ဒီနေ့ဆို yii- chan နဲ့သွားတွေ့လို့ရပြီ။
သုံးပတ်ကြာလွမ်းဆွေးရမှုတွေက yii-chan မျက်နှာလေးတွေ့ရမှသာ ပြေပျောက်အေးချမ်းနိုင်မှာ။
"Kento! dokoni?"
(Kento ဘယ်ကိုလဲ?)စီးပွားရေးမိတ်ဆွေတစ်ဖြစ်လဲ ငယ်သူငယ်ချင်း kuro က မေးလာတဲ့အခါ ထုံးစံအတိုင်းပြုံးပြလိုက်မိသည်။
Kuro ကလဲ ထုံးစံအတိုင်း စိတ်ပျက်တဲ့အကြည့်ကြီးတွေနဲ့ ခေါင်းခါပြလာတာပေါ့။
ဂျပန်-တရုတ် ကပြားဖြစ်တဲ့ kuro က ဖြူ ဝင်းသောအသားရည်နဲ့ မျက်လုံးဝိုင်းဝိုင်းကြီးတွေရှိသည်။
မိန်းကလေးတွေကြိုက်သလောက်ရွေးလို့ရနေတဲ့ထဲက ကိုယ့်ထက် ၅ နှစ်ငယ်တဲ့ကောင်လေး တစ်ယောက်ကို တမ်းတမ်းစွဲနေတဲ့ kento ကိုkuro က အမြင်မကြည်။
Kento ကိုယ်တိုင်လဲ yii-chan ကိုချစ်တာကလွဲ၍ ဘာကိုမှဂရုမစိုက်တော့ kuro အမြင်မကြည်တာလဲ အပြစ်တော့မဟုတ်ပါဘူးလေ။
အားလုံးက yii-chan အပြစ်။ kento ဘဝထဲကို လမ်းသွားရင်းဝင်တိုက်မိတဲ့ပထမနှစ်ကျောင်းသားလေးအဖြစ် ဝင်ရောက်လာခဲ့တဲ့ yii-chan ရဲ့အပြစ်။ လိုတာထက်ပိုပြီး စွာစိလွန်းလို့ ချစ်စရာလေးအဖြစ် kento ရင်ထဲနေရာယူသွားတဲ့ yii-chan အပြစ်။
"Kento! ! မင်း သူ့ကိုလိုက်နေတာ သုံးနှစ်တောင်ရှိနေပြီ သူ့ဘက်ကဘာအရိပ်အယောင်မှ မပြသေးဘူးဆိုတည်းက မင်းအပေါ်ခံစားချက်ရှိမနေတာ အသိသာကြီးကိုကွာ"
Kuro ရဲ့စကားကိုချေပရန် kento မှာ ဘာဖြေရှင်းချက်မှရှိမနေပါ။ ဘာလို့ဆို ဒီသုံးနှစ်အတွင်း yii-chan ဘက်က သူငယ်ချင်းလိုရင်းနှီးမှုထက်မှပိုမပေးခဲ့ပဲ။
ပါးကိုင်တာ ပခုံးဖက်တာကအစ ကြေးစားလုပ်နေတဲ့ ထိုဘဏ္ဍာရေးမှုးဝင်စားတဲ့လူသားက kento ကိုတမင်လှည့်စားနေသလားတောင်ထင်ရသည်။
" အခု သူ့ဘေးမှာရှောင်ကျန့်ပြန်ပေါ်လာပြီမလား မင်း လက်လျှော့လိုက်သင့်ပြီနော်"
YOU ARE READING
Because of him
FanfictionXiao Zhan..ကျနော်ကွေးခဲ့တာလဲ သူ့ကြောင့် ကျနော်ပြန်ဖြောင့်သွားတာလဲ သူ့ကြောင့် ကျနော်ပြန်ကွေးသွားတာလဲ သူ့ကြောင့်ပဲ Wang Yi Bo..ယုန်အဖိုးကြီးဖြောင့်ဖို့အရေး ငါ့အရေး( ငါပါကွေးသွားတာတော့မတတ်နိုင်ဘူး)