6

7.1K 769 44
                                    

Zawgyi

" ဖြည်းဖြည်းလေးပဲကိုက် ကိုကြီးရ"

"စကားမပြောနဲ့ လှုပ်ရင် ပိုအားထည့်မိလိမ့်မယ်"

ကျောင်းပြန်ရောက်တာနဲ့ ရှောင်ကျန့်ရုံးခန်းကိုဆိုက်ဆိုက်မြိုက်မြိုက်ဝင်လာပြီး အကိုက်ခံနေတဲ့ လူထူးဆန်းလေးပါပင်။

ဆုံလည်ခုံပေါ်ထိုင်နေတဲ့ရှောင်ကျန့်ရဲ့ ​ရှေ့ကအလုပ်စားပွဲပေါ်တက်ထိုင်ပြီး ခေါင်းကိုငုံ့လို့ပါးလေးထိုးပေးထားတဲ့ကောင်လေးက လစ်လပ်သွားတဲ့ငါးနာရီစာအတွက် ငါးကြိမ်အကိုက်ခံပါ့မယ်တဲ့လေ။

ဒီလောက် တနေ့ကို၂၄ခါကိုက်နေရတာတောင် မရိုးအီနိုင်ပဲ ထပ်ခါထပ်ခါကိုက်ချင်စိတ်ကိုဖြစ်စေသည့် ပါးအိအိလေးတွေကရော ဘာသားနဲ့ထုထွင်းထားပါလိမ့်။

လည်တိုင်ရှည်ရှည်တို့ကိုဆွဲချုပ်ရင်း အားမရစွာ ကြမ်းကြမ်းတမ်းတမ်းကိုက်မိသည်က အကြိမ်ကြိမ်။

အခုနဲ့ဆို ၃ ခါပြည့်ပြီ။

"အ ဒီတစ်ခါကတကယ်နာတယ် ၇ဝဝဝပဲယူမယ်ဗျာ နဲနဲညင်ညင်သာသာလေး ကိုက်ပေး! "

ပခုံးကိုဖြစ်ညစ်ရင်း ညည်းညည်းညူညူပြောလာသော်လည်း ရှောင်ကျန့်ရဲ့သွားတွေကတချက်မှမနူးညံ့လို။ ခါးသိမ်သိမ်ကိုဆွဲဖက်ရင်း စားပွဲပေါ်ကကောင်လေးအား ပေါင်ပေါ်ဆွဲချလိုက်သည်အထိ ရှောင်ကျန့်တစ်ယောက် တော်တော်ကိုက်လို့ကောင်းနေတော့သည်။

"အင့်! ဘာလို့ပေါင်ပေါ်ဆွဲချတာလဲ ခါးကိုလဲမဖက်ထားနဲ့ လွှတ်ပေး ကျနော်တို့သဘောတူညီချက်ထဲမှာ ခန္ဓာကိုယ်ကိုထိတွေ့တဲ့ကိစ္စတွေ ခွင့်မပြုထားဘူး"

အတင်းရုန်းနေတဲ့ဆရာပေါက်စအား ထမပြေးနိုင်အောင် ခါးကိုအတင်းချုပ်ဖက်ထားရင်း ပါးကိုသာတတိတိငုံခဲနေမိသည်။

ဒီခံစားချက်! ဒီခံစားချက်ကို အခုမှနားလည်သွားတာ။

လွန်ခဲ့တဲ့တစ်နှစ်က ဟွိုက်ခွမ်းပြောတဲ့အကြောင်းအရာတွေထဲမှာ နားမလည်နိုင်တဲ့ကိစ္စကို အခုမှသေချာသိသွားတာ။

အသက် ၃၀နားကပ်တော့မဲ့ကျနော်က ရည်းစားဦးတောင်မရှိဖူးဘူးဆိုတဲ့ကိစ္စ။ ရည်းစားမရှိရတဲ့အကြောင်းရင်းကလဲ gay တစ်ယောက်ဖြစ်နေလို့တဲ့။

Because of himWhere stories live. Discover now