Zawgyi
ပထမဆုံးdate မှာတင် လက်ထပ်ခွင့်တောင်းခံလိုက်ရတဲ့ ရိပေါ်က အိမ်ပြန်လမ်းတစ်လျှောက်လုံး ငူငူငိုင်ငိုင်နဲ့ ငြိမ်သက်လိုက်ပါလာတယ်။
လက်ထပ်ခွင့်တောင်းပြီးတည်းက သိသိသာသာငြိမ်ကျသွားတဲ့ကောင်လေးကို သတိထားမိပေမဲ့ အကြောင်းရင်းကိုမေးဖို့ထိတော့ ရှောင်ကျန့်မှာ သတ္တိအလုံအလောက်ရှိမနေခဲ့ဘူး။
အငြင်းခံရမယ်ဆိုတဲ့အဖြေတစ်ခုကို စိတ်ကူးထဲမှာတောင် ကြိုမတွေးရဲတာ ရှောင်ကျန့်ပျော့ညံ့လို့ပဲဖြစ်မယ်ထင်ပါတယ်။
ဒါမဲ့ အကြောင်းအရာတိုင်းကို အဖြေရှာတတ်တာ လူ့သဘာဝပေမို့ ရှောင်ကျန့်ရဲ့ဦးနှောက်ကတော့ ကားလဲမောင်းရင်း တွေးလဲတွေးရင်း...
*လက်ထပ်ခွင့်တောင်းတာ ဘာအမှားများပါသွားလို့လဲ?*
သေချာတာကတော့ ရှောင်ကျန့်အနေနဲ့မှားတယ်လို့ကိုမထင်ပါ။
ဘာလို့ဆို---
ရိပေါ်က အသက်ပြည့်ပြီးတဲ့လူငယ်တစ်ယောက်
ဘွဲ့မရသေးတာကလွဲရင် လက်ထပ်လိုက်လို့ ပညာရေး တစ်ပိုင်းတစ်စ ဖြစ်သွားတယ်ဆိုတာမျိုးလဲ လုံးဝရှိလာမှာမဟုတ်ဘူးနောက်ဆုံး သူလက်ထပ်ရမဲ့သူ! ! ရှောင်ကျန့်!
ကျနော်ဆိုတဲ့ရှောင်ကျန့်ဆီမှာ သူငြင်းစရာ ဘာပြစ်ချက်များရှိနေလို့လဲ?..
မရှိပါဘူး... ရုပ်လဲချော ဥစ္စာလဲပေါတဲ့အပြင် ကိုယ်ကျင့်တရားပါကောင်းနေတဲ့ရှောင်ကျန့်က ပြစ်ချက်လုံးဝကိုမရှိတာ။ အဲ့ကောင်စုတ်လေးကမှ ex သုံးယောက်ရှိခဲ့ဖူးသေးတယ်။ ရှောင်ကျန့်မှာက သူ့တစ်ယောက်တည်း။ဒါဆို ဖြစ်နိုင်တာက ဒီကလေး လူကြီးကိုအပျော်ကြံတာလား?
လက်ထပ်ဖို့အထိမတွေးထားပဲ အပျင်းပြေသဘောမျိုးပဲ သတ်မှတ်ထားတယ်ပေါ့လေ"ဟေ့လူ ရပ်! ရပ်! အခုရပ်!.. ခြံရှေ့ရောက်နေပြီလေ..."
အတွေးလွန်ချက်က ခြံရှေ့တောင်ကျော်တော့မလို့..
"အာ ဆောရီး ကိုယ် စိတ်ညစ်ညစ်နဲ့ တွေးတာများသွားလို့.."
"ဖြစ်ရမယ် ခင်များကတော့..ဒါဆို ဘိုင့်ဘိုင်
ကားကိုဂရုစိုက်ပြီးမောင်း စိတ်ချမယ်နော်
ထပ်ပြီးအတွေးများမနေနဲ့ဦး စိတ်ညစ်စရာတွေလဲမေ့လိုက်တော့ ..
အိမ်ရောက်ရင်လဲဖုန်းဆက် "
YOU ARE READING
Because of him
FanfictionXiao Zhan..ကျနော်ကွေးခဲ့တာလဲ သူ့ကြောင့် ကျနော်ပြန်ဖြောင့်သွားတာလဲ သူ့ကြောင့် ကျနော်ပြန်ကွေးသွားတာလဲ သူ့ကြောင့်ပဲ Wang Yi Bo..ယုန်အဖိုးကြီးဖြောင့်ဖို့အရေး ငါ့အရေး( ငါပါကွေးသွားတာတော့မတတ်နိုင်ဘူး)