Zawgyi
ရိပေါ် အရင်လိုမဟုတ်တော့ဘူး လိမ္မာသွားပြီ...
တကယ်ပြောတာ ရိပေါ်အရင်လို ချစ်တီးမလုပ်တော့ဘူး။ ရှောင်းလူကြီး ဘယ်လောက်နမ်းနမ်း ပိုက်ဆံ တစ်ပြားမှမတောင်းတော့ဘူး ။ ကျိုးချန်ကို လူလည်ကျပြီး အနိုင်ကျင့်ကြေးစားလုပ်တဲ့အကျင့်တွေလဲ စွန့်ပစ်လိုက်ပြီ။ ပါးပါးဆီကနေလဲ မုန့်ဖိုးတွေအရမ်းမတောင်းတော့ဘူး။
ရိပေါ် ဘယ်လောက်လိမ္မာလဲ...
ခုတောင် ရှောင်ကျန့်က သူ့ကိုရင်ခွင်ထဲထည့်ပြီး ပါးလေးကိုနမ်းလိုက် နှာခေါင်းတွေကိုဆွဲညှစ်လိုက်လုပ်နေတာ ရိပေါ်က *ပိုက်ဆံပေး* ဆိုတဲ့စကားကို လုံးဝမဟတော့ဘူး။ အဲ့အစား ရှောင်ကျန့်ကို အသဲမယားယားအောင် ရင်ခွင်ထဲကနေ မျက်နှာကို ပုံစံအမျိုးမျိုးလုပ်ပြနေလေရဲ့။
ပြောင်းလဲချိန်တန်ပြီလေ ကိုယ်တွေက သူစိမ်းတွေမှမဟုတ်တော့တာ....
သူတို့ဘယ်ရောက်နေလဲဆိုတော့ အင်း ရှောင်ကျန့်ရုံးခန်းထဲမှာပေါ့!ကျောင်းပြီးသွားလို့ သူများတွေအလုပ်ခွင်ဝင်နေတဲ့နည်းတူ ရိပေါ်ကလဲ ရှောင်ကျန့်ကုမ္ပဏီကို နေ့တိုင်းလာရတယ်။ ကုမ္ပဏီလိုက်လာပြီး အလုပ်ကူလုပ်ပေးတယ်မထင်ပါနဲ့ အိပ်လိုက်စားလိုက်ဂိမ်းဆော့လိုက် ပြီးရင် ရှောင်ကျန့်ကလိသမျှငြိမ်ခံလိုက်နဲ့ သာသာယာယာပါပဲ။
တစ်ယောက်သောသူကလဲ ပင်ပန်းမှာစိုးလို့ အလုပ်မလုပ်ပါနဲ့တဲ့လေ။ ဝွန်းးး..
အိမ်ကဖခင်ကြီးကလဲ ထိုလူကြီးရဲ့အလိုက်သိမှုတွေကို သဘောတကျဖြစ်ပြီး အမေးအမြန်းမရှိကို လွှတ်ပေးထားတော့တာ..
နဖူးချင်းထိကပ်လိုက်တဲ့ ရှောင်ကျန့်က မျက်တောင်မွှေးလေးတွေချင်း ထိယှက်ဆက်နွယ်ရတဲ့ butterfly kiss ကို အသက်သွင်းတယ်။ ပုတ်ခတ်ပုတ်ခတ်နဲ့ လှုပ်ရှားနေတဲ့ မျက်တောင်မွှေးလေးတွေနဲ့အတူ နှစ်ယောက်လုံးရဲ့နှုတ်ခမ်းတွေဟာလဲ ပြုံးလို့။
ရမက်ဆီဆွဲခေါ်မသွားနိုင်တဲ့ အဖြူ ထည်အနမ်းတွေက မြတ်နိုးခြင်းကိုအခြေခံတာကြောင့် နူးညံ့မှုကိုဆင့်ကဲပေါက်ဖွားပေးတယ်။
YOU ARE READING
Because of him
FanfictionXiao Zhan..ကျနော်ကွေးခဲ့တာလဲ သူ့ကြောင့် ကျနော်ပြန်ဖြောင့်သွားတာလဲ သူ့ကြောင့် ကျနော်ပြန်ကွေးသွားတာလဲ သူ့ကြောင့်ပဲ Wang Yi Bo..ယုန်အဖိုးကြီးဖြောင့်ဖို့အရေး ငါ့အရေး( ငါပါကွေးသွားတာတော့မတတ်နိုင်ဘူး)