အပိုင်း ၃

10.7K 747 11
                                    

Unicode

'ဖုန်းဆက်စရာရှိတယ်ဆို ဆက်တော့ အိမ်မှာဘယ်သူမှမရှိဘူး အန်တီငယ်လေးကဈေးသွားနေတော့နင်အေးဆေးပြောလို့ရတယ်'

နှိုင်း company ကိုပစ်ထားတာကြာပြီမို့ အလုပ်ကိစ္စလေးဘာလေးမေးမြန်းချင်နေတာကြာပြီ...
ဘွားကနှိုင်းကို ထပ်ပျောက်သွားမှာစိုးသည့်အလား လုံးဝမျက်စိအောက်ကအပျောက်မခံလေတော့ အခက်တွေ့ရသည်...
ရောင်စဉ့်ကိုပြောပြတော့ သူမအိမ်ကို အခုလိုခေါ်လာခြင်းဖြစ်သည်...

'အင်း ငါလည်းဒုက္ခပါပဲ ဖုန်းဆက်တာတောင် ခိုးကြောင်ခိုးဝှက်နဲ့...'

သူ့ဟာသူခပ်တိုးတိုးရေရွတ်ရင်း ဖုန်းထုတ်ဆက်ဖို့ပြင်နေတဲ့ နှိုင်းကိုကြည့်ကာ ရောင်စဉ်သူ့ကိုအားနာမိသည်...
တကယ်ဆို သူနဲ့မဆိုင်ဘူးမို့လား?
သူစိတ်ညစ်နေတာသိပေမဲ့လည်း မတတ်နိူင်...

ဖုန်းပြောနေတဲ့နှိုင်းကိုငေးကြည့်ရင်း လှိုင်းကိုသတိရလာသည်မို့ သက်ပြင်းသာချမိတော့သည်...
နင်ဘယ်မှာလဲ လှိုင်းရယ်...

သူကလှိုင်းနဲ့တပုံစံတည်းတူတယ်ဆိုပေမဲ့ အမူအကျင့်တွေကတော့ တော်တော်လေးကွဲပြားသည်...
ဥပမာ- လှိုင်းကအမြဲပြုံးပြုံးရွှင်ရွှင်နဲ့မျက်နှာချိုသလောက် သူကတော့ တည်တည်တင်းတင်းမျက်နှာနဲ့ လိုအပ်မှသာပြုံးတတ်သည်...
ပြီးတော့ လှိုင်းက ငယ်ကတည်းကအလိုလိုက်ထားတော့ တဇွတ်ထိုးဆန်သလောက် သူကတော့ business woman မို့လားတော့မသိ အရာရာအေးအေးဆေးဆေးဆိုတာမျိုး...

အခုဖုန်းပြောနေတာကိုပဲကြည့်...
တယောက်ပြီးတယောက်ကို ဖုန်းဆက်ပြီးညွှန်ကြားနေပုံက အသက်ငယ်ငယ်နဲ့အောင်မြင်နေတဲ့အမျိုးသမီးလို့ အထွေအထူးပြောနေစရာတောင်မလို...
စည်းစနစ်ကျကျ အကွက်ကျကျ...
ဖုန်းပြောရင်း ဖြစ်သလိုဆံပင်ထဲလက်ငါးချောင်းထိုးထည့်ပြီးသပ်တင်လိုက်ပုံကအစ သပ်သပ်ရပ်ရပ်...

သူများဖုန်းပြောနေတာကို အဲ့လိုကြီးပြူးပြဲကြည့်မနေသင့်ဘူးဆိုပေမဲ့ ရောင်စဉ်အကြည့်ကိုမလွှဲမိ...
သူကလည်း ရောင်စဉ်ကြည့်နေတာကို ဂရုမစိုက်...
သူ့ဟာသူပြောစရာရှိတာ ခပ်သွက်သွက်ပြောနေသည်...

Accidental LoveWhere stories live. Discover now