အပိုင်း ၂၉

10.1K 646 64
                                    

Unicode

ရေခဲသေတ္တာထဲက နှိုင်းဝယ်ဖြည့်ပေးထားတဲ့ ဟင်းချက်စရာတချို့ကို ရှာဖွေချက်ပြုတ်ပြီး နာရီကြည့်မိတော့ ၆ နာရီတောင်ထိုးတော့မည်...

ပုံမှန် ဒီအချိန်ဆိုရင် နှိုင်းက ပြန်ရောက်နေပြီ...

အခုတလော နှိုင်းကလည်း အလုပ်တွေများ၊ သူမကလည်း ဘာတွေမှန်းမသိ စိတ်ရှုပ်နေတာရယ် လှိုင်းကို တွေ့ပြီဆိုပြီးမှ အခုထိမတွေ့ရသေးတာကို အားမရတာရယ်ကြောင့် သေသေချာချာ စကားမပြောဖြစ်...

ဒါတောင် နှိုင်းက မနက်စောစောထပြီး မနက်စာကောင်းကောင်း စီစဉ်ပေးတာမျိုး...
နေ့ခင်းတခေါက်ပြန်လာပြီး နေ့လည်စာ အတူတူစားပေးတာမျိုးတွေနဲ့ ဂရုတစိုက်ရှိပေးခဲ့သည်...

နှိုင်းကိုပစ်ထားမိတာတွေများနေပြီမို့ အလျော်ပြန်ပေးဖို့ ခုလို ညစာလေးဖွယ်ဖွယ်ရာရာဖြစ်အောင် စီစဉ်ပြီး စောင့်နေတာဖြစ်သည်...

အခုဆိုရင် လှိုင်းကလည်း ပြန်လာပြီမို့ သူမမှာ နောက်ဆံတင်းစရာ ဘာမှမရှိတော့...

လှိုင်းရဲ့ကိစ္စတွေပြီးပြီဆိုလျှင် နှိုင်းနဲ့ဆက်ဆံရေးအကြောင်းကို အန်တီငယ်လေးကို တရားဝင်ပြောပြပြီး ခွင့်တောင်းရမည်...
နှိုင်းပြောသလိုမျိုး လက်ထပ်ကြဖို့အထိ မမျှော်လင့်ပေမဲ့ နှစ်ဖက်လူကြီးတွေသဘောတူအောင် နှစ်ယောက်အတူကြိုးစားကြမည်...

ဒီလောက်ပါပဲ...
နှိုင်းနဲ့ပတ်သက်ပြီး သူမရဲ့မျှော်လင့်ချက်တွေက ဒီလောက်ဆိုလုံလောက်ပါပြီ...

နှိုင်းက လက်ထပ်ဖို့အထိပြောပေမဲ့လည်း ဒီနိူင်ငံမှာ same sex married ကို နားလည်လက်ခံပေးဖို့ မလွယ်တာမို့ သူမလောဘသိပ်ကြီးလို့မဖြစ်ပါ...

အဓိကက သူမတို့နှစ်ယောက်တယောက်ကိုတယောက် ချစ်နေရရင်တော်ပြီ...
နှစ်ယောက်သားဆက်ဆံရေးကို နှစ်ဖက်အသိုင်းအဝိုင်းက လက်ခံပေးရင်တော်ပါပြီ...

သူမချစ်သူက ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်မို့လား...
နည်းနည်းဆို များများအတင်းတုပ်ကြတဲ့ ပတ်ဝန်းကျင်မှာ နှိုင်းကို သူမကြောင့် မသိမ်ငယ်စေချင်ပါ...

Accidental LoveWhere stories live. Discover now