အပိုင်း ၁၃

10.1K 646 12
                                    

Unicode

'ချောလိုက်တာဟာ...'

ပါးစပ်ကလည်းတဖွဖွ ရေရွတ်ရင်း အသက်ရှင်နေတဲ့ပန်းချီကားတချပ်ကို ကြည့်နေရသလို ငေးနေမိတာမျက်တောင်ခတ်ပစ်ရမှာတောင် နှ‌မျောမိသည်အထိ...

'ဟဲ့...အဲ့လောက်ကြည့်မနေနဲ့လေ သိသွားဦးမယ်ဒုက္ခပါပဲ...'

'မသိလောက်ပါဘူး... အဲ့လောက်တောင်laptop ကို စိတ်ဝင်တစားကြည့်နေတာကို...'

အဲ့laptop မှာ ဘာစိတ်ဝင်စားစရာတွေရှိလဲတော့မသိ... 🤔

ရတီတို့ရောက်ကတည်းက ဘေးပတ်ဝန်းကျင်ကိုမကြည့်ပဲ သူ့တယောက်တည်းကို စူးစိုက်ကြည့်
နေတာတောင် တချက်မှမော့မလာ...

ဘာတွေလုပ်နေတာလဲ မသိ... 🤔

Game ဆော့နေတာလား... ဖြစ်တော့မဖြစ်နိူင်...

နေရာကလည်းရွေးတတ်ပါ့...
Laptop screen ကိုမမြင်ရလောက်တဲ့နေရာမှာထိုင်နေတာ... 🙄

ဆိုင်ထဲမှာ ရှိသမျှလူတွေအားလုံးက ကိုယ့်အာရုံနဲ့ကိုယ် အလုပ်များနေကြပေမဲ့ ရတီ့အာရုံတွေကတော့ တစုံတယောက်ဆီမှာသာ အပြည့်အ၀ ငြိတွယ်လျက်...

ဖုန်းနံပါတ်ရှိနေပေမဲ့လည်း မဆက်ရဲ..

တော်ကြာ ကိုယ့်ကိုဖုန်းသရဲလို့ထင်သွားမှာစိုးရသည်...

နည်းနည်းလောက်ရင်းနှီးမှုလေးရမှသာ ဘာညာသာရကာ ပြောလို့ဆိုလို့ကောင်းမှာဆိုတော့
လူအစားဖုန်းနံပတ်လေးကိုပဲ တညလုံးထိုင်ကြည့်နေခဲ့တာလို့ပြောရင် ပိုတယ်လို့များထင်မလားမသိ..

ဒါပေမဲ့တကယ်ပါ ရတီညက အဲ့ဖုန်းနံပတ်လေးကို ဖွဖွလေးပွတ်သပ်ရင်း မိုးလင်းခဲ့ရတာ... ♥️

မ,ဆီက attention လေးများရလိုရငြား ခဏခဏ ထိုင်လိုက်ထလိုက်လုပ်နေပေမဲ့ နေနိူင်သူကြီးကတော့တုတ်တုတ်တောင်မလှုပ်...

'နင်ဒီလိုကြီးပဲကြည့်နေတာက မဟုတ်သေးဘူးနော်...'

'ဒီလိုမကြည့်လို့ငါက ဘယ်လိုကြည့်ရမှာလဲ... ဒုက္ခပဲ ဖီးငုတ်လိုက်တာ နင့်အသံဆိုးကြီးက...'

'အောင်မာ... ငါ့ကိုဘယ်လိုလေသံနဲ့ပြောလိုက်တာလဲ.. ခုချက်ချင်းပြန်ပြင်လိုက်စမ်း...
နင်ရည်းစားရဖို့အရေး ငါ့မှာ အင်တိုက်အားတ်ိုက်ကြိုးစားပေးထားရတာနော်... ကျေးဇူးလာမကန်းနဲ့...'

Accidental LoveWhere stories live. Discover now