Unicode
'အား ကျွတ် ကျွတ်...'
ခေါင်းကိုက်နေတာသက်သာလိုသက်သာငြား နားထင်နေရာကိုအနည်းငယ်ဖိလိုက်ကာ ရောင်စဉ် မနိုးချင်နိုးချင်နှင့်နိုးလာသည်...
ရုတ်တရက်တော့မထမိသေး...
မျက်လုံးမှိတ်ထားဆဲကနေ ညကအဖြစ်တွေကိုပြန်စဉ်းစားမိတော့ ဆတ်ခနဲငုတ်တုတ်ထထိုင်လိုက်ပြီး ဘေးဘီဝဲယာကိုမျက်လုံးပြူးမျက်ဆံပြူးကြည့်မိသည်...
ကုတင်ဘေးမှာချထားတဲ့ ကုတ်အင်္ကျီကိုမြင်မှ သက်ပြင်းချမိသည်...
တော်သေးတာပေါ့...
ညက စိတ်တိုတိုနဲ့ မသောက်ဖူးတဲ့ဝိုင်တွေကို အများကြီးသောက်မိပြီး ဘယ်လိုပြန်ရောက်လာမှန်းတောင်မသိတော့...အဲ့လိုကျတော့လည်း နှိုင်းကိုအားနာမိပြန်သည်...
ဘာမှမဆိုင်တဲ့မင်္ဂလာပွဲကိုတက်ပေးရတဲ့အပြင် မူးနေတဲ့ကိုယ့်ကိုတောင် အိပ်ခန်းထဲထိအရောက်ပို့ပေးခဲ့သေးတာ...
သူ့အပေါ် ဘာမှဆိုးဆိုးဝါးဝါးတော့ မလုပ်မိ မပြောမိဖို့မျှော်လင့်ရတာပဲ...ရောင်စဉ် ကုတင်ပေါ်ကအဆင်း သတိတရနဲ့ ကိုယ်ပေါ်မှာဝတ်ထားတဲ့အင်္ကျီကို ကမန်းကတမ်း ငုံ့ကြည့်မိတော့...
'WTF ...'
ဝတ်ထားတာက ညကအင်္ကျီမဟုတ်တော့...
မြတ်စွာဘုရား ကယ်တော်မူပါ 😟
မျက်လုံးကနှစ်ဆပို၍ပြူးကျယ်သွားပြီး အခန်းအပြင်ဘက်အပြေးအလွှားထွက်ကြည့်မိသည်...အသံတချို့ကြားနေရတဲ့ ထမင်းစားခန်းထဲ တံခါးဝကိုကျောပေးပြီး တခုခုလုပ်နေတဲ့ ကျောပြင်ကိုအတွေ့မှာ လှမ်းခေါ်ရနိုးနိုး မခေါ်ရနိုးနိုးနဲ့ တံခါးဝမှာတင်ရပ်ကြည့်နေမိသည်...
'နိူးပြီလား ခေါင်းတွေဘာတွေကောကိုက်နေသေးလား...'
အနောက်ဘက်မှာတယောက်ယောက်ရပ်နေသလို ခံစားရသည်မို့ နှိုင်းလှည့်မကြည့်ပဲ လှမ်းမေးလိုက်သည်...
ဘာလို့မကြည့်လဲဆိုတော့ မျက်နှာပူလို့ပါ...
ညက ကိုယ်ဘာလုပ်ခဲ့လဲ ကိုယ့်ဟာကိုယ်သိတာကိုး...🙄'အွန်း နိူးပြီ... ဟိုဟာလေ... အင်္ကျီတွေက..'
'ခွမ်း..'
YOU ARE READING
Accidental Love
Randomမျှော်လင့်မထားတဲ့ အချိန်မှာလည်း အချစ်က ရုတ်တရက်ရောက်လာတတ်တယ် 🌸Love is accident 🌸