အပိုင်း ၂၆

9.6K 644 27
                                    

Unicode

'အ..'

စီးကရက်ကို မီးညှိပြီးလက်ကြားထဲညှပ်ရင်းငေးနေမိတာ လက်ပူသွားမှ မသောက်ဖြစ်ပဲ တလိပ်ကုန်သွားမှန်း သတိထားမိတော့သည်...

တဆစ်ဆစ်ထိုးကိုက်နေတဲ့ ခေါင်းကို ကျန်လက်တဖက်နဲ့ အသာဖိကာ ကိုယ့်ကိုယ်ကိုယ် ဖျားတော့မှာကို အတပ်သိလိုက်တာမို့ အင်္ကျီလက်ရှည် တထည်လောက်ဝတ်ဖို့ အခန်းထဲပြန်ဝင်ခဲ့လိုက်သည်...

ညနေက ရေချိုး ခေါင်းလျှော်မိတာ တော်တော်ကြာသွားတာကိုး...

စိုထိုင်းထိုင်းဖြစ်နေဆဲ ဆံပင်တွေကို လစ်လျူရှုပြီး dream bed ပေါ်လှဲကာ မျက်လုံးတွေမှိတ်ပစ်လိုက်သည်...

အတွေးတွေထဲမှာတော့ ကိုယ့်ကိုမြင်တာနဲ့ ပြောလက်စဖုန်းကို ချပစ်ကာ မလုံမလဲ ပြုံးပြတတ်တဲ့ ရောင်စဉ့် မျက်နှာလေးကိုပြန်မြင်ယောင်ကာ သက်ပြင်းတွေပဲအကြိမ်ကြိမ်ချနေမိသည်...

မနေ့ကပဲကြည့်...
နှိုင်း ရောင်စဉ်တို့အိမ်ဘက်သွားရင်း ခြံထောင့်နားမှာ တိုးတိုးလေး ဖုန်းပြောနေတဲ့ ရောင်စဉ်ကို စချင်တာနဲ့ အသာကပ်သွားတော့ သီရိနဲ့ဖုန်းပြောနေသံကို ကြားရသည်...

သေချာနားထောင်ကြည့်မှ လှိုင်းနဲ့အဆက်သွယ်ရ မရ မေးမြန်းနေပုံရပြီးနောက် တယောက်ပြီး တယောက်ဆီဆက်တိုက်ဖုန်းဆက်ကာ စုံစမ်းနေလေသည်...

အရင်က မကြာခဏဆိုသလို နှိုင်းကိုမေးတတ်ပေမဲ့ အခုတလောမှ လှိုင်းအကြောင်း မမေးတော့...

ကိုယ်ရှာပေးနေတယ်ဆိုတာကို သံသယဖြစ်နေတာများလား...

ကိုယ်မ‌ပြောပြပဲနေတာက ကိုယ့်အတ္တလည်းပါတယ်ဆိုပေမဲ့ မင်းစိတ်ပင်ပန်းမှာစိုးလို့ပါအချစ်ရယ်...

သေချာတဲ့တနေ့မှာ မင်းချစ်တယ်ဆိုတဲ့ မင်းသူငယ်ချင်းကို မင်းရှေ့ရောက်အောင် ကိုယ်ခေါ်လာပေးမှာပါ...

📲📲📲

မျက်လုံးတွေက မဖွင့်ချင်လောက်အောင် လေးလံနေပေမဲ့ ဆက်တိုက်မြည်နေသည့် ဖုန်းကြောင့် ဖုန်းကိုထယူရပြန်သည်...

'Hello...'

'ကျွန်တော် ဘုန်းတောက်ထွန်းပါ...'

Accidental LoveWhere stories live. Discover now