အပိုင်း ၃၄

9.4K 664 42
                                    

Unicode

'မ, နေမကောင်းဘူးလားဟင်...'

'ကောင်းပါတယ်...'

'ဒါဆို အရမ်းပူလွန်းလို့များလား... မ, မျက်နှာနည်းနည်းလေးနွမ်းနေတယ်...'

'ဟုတ်လား... အရမ်းပူလို့ဖြစ်မယ်... ရာသီဥတုက သိတဲ့အတိုင်းပဲ မနက်ခင်းနေတောင် တော်တော်ပြင်းတာကို...'

'ဟုတ်တယ်နော် ... မ, ပင်ပန်းရင် ရတီမောင်းပေးမယ်လေ...'

'အာ... ရပါတယ် ရောက်တော့မှာပဲဟာ...'

ရတီအကူညီတောင်းထားတဲ့ကိစ္စကို ကူညီပေးမယ်လို့ ​အာမခံထားမိတာမို့ ဒီနေ့မနက်စောစောကတည်းက ရတီနဲ့နှစ်ယောက်အတူ အပြင်ကိုရောက်နေခြင်းပါ...

အကူညီဆိုတာကလည်း အထွေအထူးတော့မဟုတ်...
အသစ်ဆောက်မဲ့ စက်ရုံမြေနေရာဘာညာ လိုက်ကြည့်ပေးတာလောက်ပါပဲ...

ညကအိပ်ရေးမဝလို့ စိတ်ညစ်ရတဲ့အထဲ ရာသီဥတုက အရမ်းပူတော့ စိတ်ရှုပ်လိုက်တာမှအရမ်း...

အဲ့ဒီ အိပ်ရေးမဝသည့်အကြောင်းအရင်းကို ပြန်တွေးမိရင် စိတ်ကပိုပြီးအလိုမကျတော့...

ညက ထုံးစံအတိုင်း ရောင်စဥ်နဲ့ video call ပြော အလွမ်းသယ်ပြီး တနေကုန်ဖြစ်ပျက်သမျှ အကြောင်းအရာလေးတွေကို တယောက်တလှည့်ပြောနေရင်း နောက် ၂ ရက်လောက်နေရင် နှိုင်း ဂျပန်ကို အလုပ်ကိစ္စနဲ့ ခဏသွားရမည်ဖြစ်ကြောင်းပြောမိရာက စတော့တာပဲ...

နှိုင်းအထင် ရောင်စဥ်က အခုတလော အရမ်း Sensitive ဖြစ်တတ်နေသည်...
လက်ထပ်မည့်အကြောင်းပြောတိုင်း စကားတွေလွှဲပစ်တတ်ရုံသာမက စကားတွေက ဟိုရောက် ဒီရောက်...

တခါတလေ တွေဝေငေးငိုင်ပြီး ဝမ်းနည်းအားငယ်နေတတ်သည်...

တခါတလေကျတော့ ကလေးတယောက်လို တအားချွဲနွဲ့နေတတ်ကာ အရင်က ရှက်လို့ဆိုပြီး အတင်းမေးရင်တောင် ၁၀ခါမှာ၁ခါလောက်ပဲပြောတတ်သည့် သိပ်ချစ်တဲ့အကြောင်းကို တဖွဖွပြောနေတတ်သည်...
တချို့ရက်တွေဆို တနေကုန်နီးပါးလောက် Video call ပြောရတတ်ပြီး စိတ်ကောက်ရင် ၂ ရက်လောက်အနည်းဆုံးစိတ်ရှည်ရှည် ချော့ရသည်...

Accidental LoveWo Geschichten leben. Entdecke jetzt