Unicode
'ဒီနေ့ဘယ်လိုလဲ နေကောင်းရဲ့လား...'
'အင်း...'
'.....'
'ဘာလို့လဲ ပြောစရာရှိလို့လား...'
'အင်း... ကိုယ်မနေ့က ဧည့်ခံပွဲတခုသွားတော့...'
ပြောရခက်နေပုံနဲ့ စကားကိုရပ်လိုက်ပြန်တာကြောင့် နားထောင်နေရတဲ့လှိုင်းအဖို့ တော်တော်လေးစိတ်မရှည်ချင်စရာ..
'ဆက်ပြောလေ.. ဘာဖြစ်လို့လဲ...'
'သိပ်တော့အံ့သြမသွားနဲ့ဦး...'
'ကဲပါ... ဘာကိစ္စမို့လဲ.. ပြောစရာရှိတာပြောပါ...'
'အဲ့ဒီမှာ မင်းနဲ့တပုံစံတည်းတူတဲ့ မိန်းကလေးတယောက်ကို ကိုယ်တွေ့ခဲ့တယ်...'
'ဟမ်...'
'ဟုတ်တယ်.. မင်းမယုံမှာစိုးလို့ ကိုယ်ဓါတ်ပုံတောင်ရိုက်ခဲ့သေးတယ်..ဒီမှာ ကြည့်ပါဦး...'
လှိုင်းရှေ့ကိုတိုးပေးတဲ့ ဖုန်းကိုဆွဲယူလိုက်ပြီး ကြည့်လိုက်တော့...
'ဟင်...'
လူတူမရှား နာမည်တူမရှားဆိုပေမဲ့ ဒီလိုတပုံစံတည်းတူတာကတော့ တော်တော်ထူးဆန်းတယ်မို့လား...
'မင်းနဲ့တပုံစံတည်းတူနေလို့ ကိုယ်တောင်တော်တော်လေး shock ရသွားတယ်... မင်းမှာ အမွှာတွေဘာတွေများရှိသေးလား...'
'ဒါ..ဒါ ဘယ်သူလဲ... ဒီဘေးကလူကကော ဘယ်သူလဲ... ပုံတွေထပ်ရှိသေးလား ပြပါဦး...'
မဖြစ်နိူင်တာ ရောင်စဉ်ကဘာလို့ သူ့ဘေးကိုရောက်နေတာလဲ...
မဟုတ်မှလွဲ..'ဘေးကလူကဘာဖြစ်လို့လဲ... ကိုယ်လည်းခိုးရိုက်ထားတာဆိုတော့ ဒီလိုပုံတွေပဲရလိုက်တာ... သေချာတာကတော့ သူတို့နှစ်ယောက်က တော်တော်လေးရင်းနှီးတဲ့ပုံပဲ... ပွဲတလျှောက်လုံး တွဲရက်တွေ့နေရတာ...'
ရောင်စဉ်က ပြင်ဦးလွင်မှာလေ ဘယ်လိုလုပ်ဒီကိုရောက်နေရတာလဲ...
ကိုယ့်မျက်လုံးကိုယ် အထပ်ထပ်ပွတ်သပ်ကာ သေချာအောင်ပြန်ကြည့်သော်လည်း ရောင်စဉ်မှရောင်စဉ်အစစ်ပဲ...
လှိုင်းနဲ့တူတယ်ဆိုတဲ့ မိန်းကလေးကိုသာ အဓိကရိုက်ထားပြီး ခပ်ဝေးဝေးနောက်နားမှာ ထိုင်နေတဲ့ကောင်မလေးရဲ့ပုံက နည်းနည်းဝါးနေတယ်ဆိုပေမဲ့ လူမှားစရာအကြောင်းမရှိ...
أنت تقرأ
Accidental Love
عشوائيမျှော်လင့်မထားတဲ့ အချိန်မှာလည်း အချစ်က ရုတ်တရက်ရောက်လာတတ်တယ် 🌸Love is accident 🌸