အပိုင်း ၁၉

9.5K 613 19
                                    

Unicode

အစည်းအဝေးကနေပြန်လာမဲ့ နှိုင်းကိုစောင့်ရင်း အိပ်ချင်စိတ်က ဘယ်လိုမှထိန်းမရ...

ဖုန်းပွတ်ရတာလည်းကြာတော့ ဇက်တွေတောင်ညောင်းလာသည်...

ဆိုဖာနောက်မှီပေါ်ခေါင်းတင်ရင်း ဘယ်လိုအိပ်ပျော်သွားမှန်းမသိ...

နှာခေါင်းနားမှာဝေ့ဝဲနေတဲ့ ရေမွှေးနံ့လိုလို အနံ့တမျိုးကြောင့် ဆတ်ခနဲလန့်နိုးလာရသည်...

မျက်လုံးဖွင့်ကြည့်မိတော့ အရပ်ရှည်ရှည် တည်တည်တင်းတင်းမျက်နှာနဲ့ ချောမောခန့်ညားတဲ့ နိူင်ငံခြားသားလို့ ထင်ရတဲ့ လူကြီးတယောက်က ရောင်စဉ့်မျက်နှာကို ရှေ့တည့်တည့်ကနေ ခပ်စူးစူးစိုက်ကြည့်နေသည်...

ရုတ်တရက်မို့ ရောင်စဉ်အလန့်တကြားထရပ်လိုက်ကာ ဘာပြောရမှန်းမသိ ကြောင်တောင်တောင်ရပ်နေမိသည်...

မြန်မာလိုနှုတ်ဆက်ရမှာလား...?
အင်္ဂလိပ်လို hello ရမှာလား...?
အရမ်းတွေလမ်းပျောက်တယ်... 😖

'မင်းက ဘယ်သူလဲ... ဧည့်သည်လား...'

ထွက်လာတာမြန်မာသံကြီးဟ...😳

'ဟုတ်.. ဟုတ် ထိုင်ပါရှင့်..'

ရောင်စဉ် အယောင်ယောင် အမှားမှားနဲ့ ဧည့်ဝတ်တွေဇွတ်ကျေနေမိသည်...

'အနှိုင်းမဲ့က ဧည့်သည်ကိုထားပြီး meeting သွားထိုင်နေတယ်ဆိုတော့ ကလေးမနဲ့ခင်မင်မှုက တော်ရုံတော့ ဟုတ်မယ်မထင်ဘူး...'

'ဟုတ်ကဲ့...'

ရောယောင်ပြီး ဟုတ်ကဲ့ လိုက်ရပေမဲ့ ရောင်စဉ် ဘာလုပ်ရမှန်းမသိ...

ပိုဆိုးတာက အခုပြောနေတာ ဘယ်သူမှန်းမသိတာပဲ...

ဘယ်သူမှန်းမသိတော့ ဘယ်လိုဆက်ဆံရမလဲမတွေးတတ်...

ဧည့်သည်လည်းမဖြစ်နိူင်...

နှိုင်းကသူ့ကိုယ်သူ တကောင်ကြွက်လို့ပြောဖူးပေမဲ့ နှိုင်းရဲ့ဆွေမျိုးများလား..?

ဟုတ်တယ်.. ဖြစ်နိူင်တယ်...
သူ့ကိုကြည့်ရတာ ဒီနေရာနဲ့ အကျွမ်းတဝင် သက်တောင့်သက်သာပဲဆိုတော့...

'ထိုင်ပါဦး...'

'ဟုတ်ကဲ့...'

'အနှိုင်းမဲ့နဲ့ ဘယ်တုန်းကခင်ကြတာလဲ...'

Accidental LoveWhere stories live. Discover now