အပိုင်း ၁၄

11K 681 60
                                    

Unicode

ထမင်းကို တိတ်တိတ်ဆိတ်ဆိတ်စားရင်း ရောင်စဉ်အကြံထုတ်နေမိသည်...

ရှေ့မှာထိုင်နေတဲ့ နှိုင်းကတော့ ခုတော့ဘာတတ်နိူင်သေးလဲဆိုတဲ့အကြည့်နဲ့ မိန့်မိန့်ကြီး ပြုံးလို့... 😤

တချိန်လုံးရှောင်နေနိူင်ခဲ့သမျှ ဒီနေ့မှာတော့တည့်တည့်တိုးရတော့မည်...

ဒီနေ့ဘွားက အန်တီငယ်လေး အဖျားပျောက်ကာစမို့ ဒေါ်မြိုင့်ကို အားရှိစေမဲ့ဟင်းတွေအမျိုးမျိုးချက်စေပြီး ရောင်စဉ်ကော အန်တီငယ်လေးကိုပါ ထမင်းဖိတ်ကျွေးခြင်းဖြစ်သည်...

စားပြီးရင် လူကြီးတွေကတော့ ထုံးစံအတိုင်း စကားပြောကာ အေးဆေးနေကြဦးမှာပေမဲ့ လူငယ်တွေကဘယ်လိုလုပ်မလဲ...😣

မဖြစ်ပါ ဘယ်လိုနည်းနဲ့မှ သူနဲ့နှစ်ယောက်တည်းနေလို့မဖြစ်... 😖

လက်ရဲဇက်ရဲနဲ့ဒင်းက လက်လည်း အငြိမ်မနေ မျက်လုံးကလည်း အငြိမ်မနေ... 😣

ဖောရှောလုပ်ပြီး လူကြီးတွေနားကပ်နေမှဖြစ်မယ်...

ထမင်းသာစားနေရတာ အတွေးတွေနက်နေတဲ့ ရောင်စဉ့်ကိုကြည်ပြီး နှိုင်း ပြုံးချင်စိတ်ကို မတရားဖုံးဖိထားရသည်...

ပါးစပ်ထဲက ထမင်းလုပ်ကို ဟိုဘက်ကပ်လိုက်ဒီဘက်ကပ်လိုက်နဲ့ အပြင်းအထန်တွေးတောနေပုံက ရယ်စရာကိုး...

နှိုင်းက ထမင်းဖိတ်ကျွေးဖို့ ဘွားပြောကတည်းက ဒီနေ့အတွက်ကို မဟာစီမံကိန်းကြီးချထားတာ.. 🤫

ဒီနေ့တော့ သေချာပေါက်အဖြေရမှဖြစ်မယ်လေ... ✌️

ထမင်းစားပြီး အချိုတည်းကြတော့ ရောင်စဉ်က ဘွားနဲ့ကပ်လျက်ဝင်ထိုင်တယ်...

လူကြီးတွေပြောနေကြတဲ့ဘုရား တရားအကြောင်းတွေကို သူမို့လို့မပျင်းမရိ စိတ်ဝင်စားချင်ယောင်ဆောင်နေ‌လေရဲ့...

အကြံသမားဖြစ်တဲ့ နှိုင်းကတော့ ခပ်တည်တည်ပဲ ရောင်စဉ်နဲ့ နီးနီးကပ်ကပ်ကို ထိုင်ချလိုက်သည်...

'ဟဲ့... ဘယ်လိုဖြစ်နေတာလဲ...'

'မြေး... နေရာတွေအကျယ်ကြီးရှိလျက်နဲ့ ရောင်စဉ်လေးကို စနေပြန်ပြီ... လာ ဒီဘက်ကိုလာထိုင်...'

Accidental LoveWhere stories live. Discover now