အပိုင်း ၃၃

9.1K 597 31
                                    

Unicode

'အမလေး... အဲ့လောက်လည်း အဖြစ်သည်းမနေပါနဲ့ဟယ်... နေ့တိုင်း ညတိုင်းပဲ ပြောလို့ကိုမ၀နိူင်ဘူး.. ငါ အမြင်တွေကတ်လာပြီ...'

'ဘာဖြစ်လဲ.. ဘာဖြစ်လဲ... ရှူး တိုးတိုးပြော... နှိုင်း အလုပ်လုပ်နေတယ်.. နင့်အသံကြီးကြောင့်အာရုံပျက်သွားဦးမယ်...'

'ဖြစ်ရမယ်... ငါ့အတွက်မုန့်လာချပေး လာ... စကားပြောရတာလည်းမဟုတ်ပဲနဲ့ နင်တို့ဟာက ပိုကိုပိုတယ်...'

'မချပေးနိူင်ဘူး... ကိုယ့်ဟာကိုယ်ယူရင်ယူသွား မယူသွားရင်မစားနဲ့...'

ကတ်ကတ်လန်အောင်ပြန်ပြောနေတဲ့ စွာတာတာ အသံလေးကြောင့် လက်မှတ်ထိုးစရာတွေကြား ခေါင်းစိုက်နေရာကနေ နှိုင်း ပြုံးနေမိသည်...

ကိုယ့်ကောင်မလေးက ကိုယ်နဲ့ဆိုနူးညံ့သလောက် သူငယ်ချင်းတွေနဲ့ဆို အဲ့လိုတခွန်းမခံပြန်ပြောတတ်တာလား...

ဘေးနားမှာထောင်ထားတဲ့ ဖုန်းလေးဘက်ကိုငဲ့ကြည့်လိုက်တော့ နှိုင်းအလုပ်လုပ်နေတာကို video call ပြောရင်းထိုင်ကြည့်နေသည့် တဖက်ကရောင်စဉ်က လက်ကလေးဝေ့ယမ်းပြပြီး အားရပါးရပြုံးပြနေသည်...

'ဧည့်သည်တွေမရှိဘူးလား ဒီနေ့...'

'အွန်း... သိပ်မရှိဘူးလေ... နှိုင်းက အလုပ်ပြီးပြီလား..'

'မပြီးသေးဘူး.. ဘာပြောချင်လို့လဲ ပြောလေ...'

'ဘာမှမပြောချင်ပါဘူး... နှိုင်း လုပ်စရာရှိတာလုပ်လေ... ချစ်ကိုဂရုမစိုက်နဲ့...'

'အင်း.. အင်း.. ခဏလေးစောင့်နော်... ကိုယ်ဒါတွေပြီးရင်ပြီးပြီသိလား...'

'ဟုတ်...'

အလုပ်ထဲ အာရုံစိုက်သွားပြန်သည့် နှိုင်းကိုငေးကြည့်ရင်း တနေ့တခြား မစွန့်လွှတ်နိူင်ခြင်းတွေသာ တိုး၍လာသည်...

နှိုင်းက တခုခုကိုအာရုံစိုက်နေတဲ့အချိန်ဆို သိပ်ကိုငေးကြည့်လို့ကောင်းတာ...

သိတယ်မို့လား...
ကိုယ့်ရဲ့ born to be CEO လေး...

ထက်မြက်ကာ ကျော့ရှင်းလှပနေတဲ့ အနှိုင်းမဲ့ကို မျက်စိရှေ့မှာ အမြဲမြင်နေရရင် သိပ်ကောင်းမှာပဲ...

Accidental LoveKde žijí příběhy. Začni objevovat